http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, January 10, 2011

နားလည်မှုတွေနဲ့ပြန်လည်ခိုလုံခွင့်ရချင်သောရင်ခွင်ဆီသို့...

နင်ချ
စ်သူရနေပြီဆိုတဲ့ သတင်းက တစ်ကယ်တော့ငါ့အတွက်မဆန်းပါဘူး ထွန်းရယ်..။ဘာလို့လဲဆိုတော့ ချစ်သူသက်တမ်း (၇)နှစ်ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်သိတယ်ဆိုတာထပ် နားလည်ဖို့ လုံလောက်တဲ့ အချိန်ပဲမဟုတ်လားထွန်း..။ ငါ့ရင်ထဲမှာနင်နဲ့ပါတ်သက်သမျှ ကနေ့ထိ အရာရာမမေ့နိုင်သေးတာရယ် နင့်နေရာနောက်
တစ်ယောက်ဝင်မလာသေးတာရယ်ကလွဲရင် ငါက နင်သိပ်ချစ်ခဲ့တဲ့ ဟိုးလွန်ခဲ့တဲ့(၈)နှစ်လောက်က မေဦးပါပဲထွန်းရယ်။
သူငယ်ချင်းလို တစ်မျိုး၊ချစ်သူလိုတစ်နည်း၊မောင်နှမလိုတစ်သွယ်ချစ်ခဲ့ကြတဲ့ နင်နဲ့ငါက ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့ဘယ်အချိန်ကြည့်ကြည့် အမှတ်တရတွေအပြည့်နဲ့ပါထွန်း...။

မေဦး......ငါနင့်ကိုပြောစရာရှိတယ်

အင်းပြောလေထွန်း ဘာပြောမှာလဲ



ဒီလိုဟ..ဟိုလေ...



အင်းမေဦးအတက်သိပါပြီ။ဒီလိုမအူမလည်ထွန်းဖြစ်နေပြီဆို သေချာပြီထွန်းတစ်ယောက်မေဦးမကြိုက်လုပ်ထားပြီဆိုတာလေ။

ပြောပါထွန်း ငါနားထောင်နေတယ်လေ..နင်ဘာလုပ်ထားလဲ ပြောနော်မပြောရင် ငါစိတ်ဆိုးမှာနော် အူးယားအောင်တော့မလုပ်နဲ့

ဟန်ပါပါကြိမ်းတဲ့မေဦးကို မျက်နှာငယ်ငယ်ဖြင့် ထွန်းက

ငါလေ...ဟို.. နင်သိပါတယ် သန္တာဦးလေ..(A)ခန်းကလေ.

အင်းသိတယ်ဘာဖြစ်လဲအဲဒါ


သူနဲ့ငါ ချစ်သူဖြစ်ခဲ့တယ်..



ဘာ.....



ဒေါသတစ်ကြိးထအော်လိုက်တဲ့မေဦးကြောင့်ထွန်းတော်တော်လန့်သွားခဲ့ရတယ်.။

နင်.............နင်
ရုတ်တရက်မေဦးရင်ထဲ ဗျောင်းဆန်နေလို့လည်ချောင်းဝမှာစကားတွေကထစ်ရင်း။

စိတ်မဆိုးပါနဲ့မေဦးရယ်....ငါလေနင့်ကိုပဲချစ်တာပါဟာ..သူငယ်ချင်းတွေမြောက်ပေးတာနဲ့
ငါလည်းစာရေးပြိး သူ့လွယ်အိပ်ထဲလိုက်ထည့်တာ အဲဒါသူကစာပြန်လာတော့....


တော်တော့အထွန်း......ငါ့ကိုဘာလို့အဲဒါလာပြောပြနေတာလဲ


<!--more-->
မငိုပါနဲ့မေဦးရယ်...တစ်ကယ်တော့ငါနင့်ကိုတစ်ကယ်ချစ်တာပါဟာ...အဲဒါလေညီနိုင်တို့ဝိုင်းမြှောက်တာနဲ့
ငါလုပ်လိုက်မိတာပါ...ငါနင့်အပေါ်မရိုးသားရင် ငါတိတ်တိတ်လေးလုပ်ရင်နင်လည်းသိမှာမှမဟုတ်တာ..
ငါနင့်အပေါ်အဲလိုမလုပ်ချင်လို့ ငါဖွင့်ပြောပြတာပါ အခုလည်းလေ.ငါသူနဲ့ဘာမှမဟုတ်တော့ဘူး
သူများပြောမှသိတာထပ် နင့်ကိုငါကိုယ်တိုင်ဖွင့်ပြောတာ ကိုစဉ်းစားပြိး ငါ့ကိုစိတ်မဆိုးပါနဲ့နော်..မေဦး


နင် ငါ့ကိုမစဉ်းဘူးထွန်း...


မဟုတ်ဘူးမေဦးရယ် နင်ကလည်းဟာ..ငါအမှန်ဆို နင့်ကိုမပြောရင်ရနေတာပဲဟာ..ငါမလိမ်ချင်လို့နင့်ကို
ကိုယ်တိုင်ဖွင့်ပြောတာပါမေဦးရယ်နော်....မငိုပါနဲ့ဟာနော်...နော်မေဦး


မေဦးငိုတော့ မျက်ရည်အဝဲသားနဲ့ချော့ရှာခဲ့ထွန်း...အဲဒီအချိန်က မေဦးရောအထွန်းပါ(၁၀)တန်းကျောင်းသားဘဝလေ။
ထွန်းက ပြည့်စုံတဲ့မိသာစုရဲ့အငယ်ဆုံးသားဖြစ်သလို ရုပ်ရည်လည်းညိုချောမို့ ကျောင်းမှာနာမည်ကြိးကျောင်းသားတစ်
ယောက်လေ.။မေဦးကတော့ ထွန်းလောက်မပြည့်စုံတဲ့ သာမန်မိသားစုရဲ့ဒုတိယမြောက်သမီး။မေဦးမှာက အကိုတစ်
ယောက်၊ည်ီမတစ်ယောက်၊မောင်တစ်ယောက်လေ။ထွန်းကျတော့ အကိုနှစ်ယောက် အမတစ်ယောက်ထွန်းကအငယ်ဆုံး
လေ။ အဲလိုငယ်ချစ်လဲဖြစ် ပွေတက်တဲ့ထွန်းက မိန်းခလေးတွေတော်တော်များများချစ်သူဖြစ်ခဲ့ပေမယ့် မေဦးကိုတော့
အဲဒီမိန်းခလေးတွေနဲ့ပြတ်သွားပြီဆိုရင်တော့ အမြဲပဲသူကိုယ်တိုင်ဖွင့်ပြောတက်တယ်..လေ။ စိတ်ဆိုးပေမယ့်လည်း
မေဦးကို ထွန်းကိုယ်တိုင်ဖွင့်ပြောတာကတစ်ကြောင်း မေဦးကလည်းထွန်းကိုနားလည်မှုတွေနဲ့ချစ်ခဲ့တာကြောင့်
စိတ်ဆိုးရုံအပြင် ထွန်းနဲ့လမ်းခွဲဖို့ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလေ..။ ကွယ်ရာချစ်သူတွေသာထွန်းတစ်ယောက်
ဘယ်လိုထားနေခဲ့တယ်ဆိုတာ မေဦးနားမလည်ခဲ့ဘူး..။တစ်ကယ်ဆို မေဦးနဲ့ထွန်းက ကျောင်းလည်းတစ်ကျောင်းထည်း
ဖြစ်ရုံမက၊ ကျူရှင်တက်တာလည်းတစ်ခုထည်းအတူတူတက်ခဲ့တာလေ..။အချိန်ပြည့်လိုလို ထွန်းက မေဦးမျက်စိ
အောက်မှာရှိနေရက်နဲ့ အဲလိုရည်စားများနိုင်တာ တစ်ခါတစ်လေမေဦးက အံ့သြလို့မေးရင် ရှက်ပြုံးနဲ့ထွန်းကရယ်မော
တက်တယ်လေ..။အဲဒီလိုနဲ့ (၁၀)တန်းအောင်စာရင်းလဲထွက်ရော ..မေဦးသူငယ်ချင်းတွေအားလုံးအောင်ကြသလို
ထွန်းသူငယ်ချင်းတွေအားလု့းလည်းအောင်ကြတယ်လေ..။ကံဆိုးစွာပဲ ထွန်းတစ်ယောက်ထည်းကျတာဆိုတော့
မေဦးအပါအဝင်အားလုံးလည်း အံ့သြလို့ပေါ့..။ တစ်ကယ်ဆို ထွန်းကဥာဏ်အရမ်းကောင်းသလို စာလည်းတော်
တယ်လေ။ စာကျက်ဝိုင်းမှာစာအတူတူကျက်ရင် ထွန်းက အရင်ဆုံးစာရနေကျလေ..။

ထွန်း နင်အားမငယ်နဲ့နော်...ငါတက္ကသိုလ်ရောက်တယ်ဆိုပေမယ့် နင်ကလွဲပြီးငါဘယ်သူမှမချစ်ဘူး
နင်သာ ဒီနှစ်အောင်အောင်လုပ်ရမယ်နော်...သိလားထွန်း


အင်းပါမေဦးရာ...ငါကြိုးစားပါ့မယ်...


အဲလိုနဲ့ မေဦးနဲ့ထွန်း အရင်လို တွေ့ချိန်တွေအများကြိးနည်းသွားတယ်ဆိုပေမယ့်...တစ်ပတ်တစ်ခါမေဦးတို့သူငယ်ချင်း
တွေရောအားလုံးစုံပြိး သောကြာနေ့တိုင်းတွေ့ဖြစ်ကြတယ်လေ..။တစ်ခါတစ်လေ ထွန်းက မေဦးတက်တဲ့ကျောင်းကို
လိုက်လာတက်သလို မေဦးကလည်းထွန်းတက်နေတဲ့ကျူရှင်အပြန်တွေမှာစောင့်နေရင်း...အိမ်ပြန်ချိန်တွေအမှန်တစ်
ကယ်လှပခဲ့ကြတယ်လေ..။ဆုံနေကျသောကြာနေ့ရောက်ဖို့ မပျက်မကွက်နဲ့စောင့်ဆိုင်းရတဲ့ရက်တွေဟာ ရင်ခုန်ခဲ့ရ
တဲ့အချိန်တွေ လို့ ထွန်းပြောခဲ့သလိုမေဦးအတွက်လည်း အတူတူပါပဲထွန်း..။ ဖြူစင်တဲ့သူငယ်ချင်းအချစ်မှာသန္ဒေတည်
ပြီး နားလည်မှုတွေနဲ့ဖြစ်တည်တဲ့အချစ်မို့ ထွန်းတစ်ယောက် ဘယ်လောက်ပဲရည်စားတွေများနေပါစေ ...ပြိးရင်တော့
မေဦးကိုကိုယ်တိုင်ပဲဖွင့်ပြောတက်တာမို့ ကြာလာတော့ ထွန်းရဲ့ခဏတာချစ်သူဖြစ်ရတဲ့ မိန်းခလေးတွေကို သနားလို့
မလုပ်နဲ့ထွန်းရယ်လို့တောင်ပြောယူရတဲ့အဆင့်ပါ...။

မေဦးကလည်း ဘာသိလို့လဲ ထွန်းကလုပ်ချင်လို့လုပ်တာမဟုတ်ဘူး..သူတို့တွေကစတာတွေရှိတယ်
ဟိုကောင်တွေကမြှောက်ပေးတာတွေလည်းပါတယ်မေဦးရ ..
.
တဲ့လေ..။
မေဦးအတွက်ကတော့ ထွန်းဘာပဲလုပ်နေနေ အချစ်မပြယ်ခဲ့ပါဘူးထွန်း.။ကံဆိုးလွန်းစွာပဲထွန်းတစ်ယောက်(၁၀)တန်းကို
သုံးနှစ်ဖြေမှအောင်ခဲ့ပေမယ့် မေဦးကတော့ စိတ်ရှည်လက်ရှည်နားလည်မှုတွေနဲ့ချစ်ခဲ့လို့ မေဦးတို့ချစ်သက်တမ်းလည်း
တဖြေးဖြေးတိုးလို့ပေါ့။မေဦးနောက်ဆုံးနှစ်ပြီးခါနီးမှ တက္ကသိုလ်ပထမနှစ်စတက်ရတဲ့ ထွန်းကို အားပေးရင်းနဲ့ပေါ့..။
ရှိသမျှအတန်းတူသူငယ်ချင်းတွေအားလုံးက ကျောင်းပြိးနေကြပြီ သူကအခုမှ ပထမနှစ်စတက်ရတာဆိုတော့ အဖော်မင်
်တဲ့ထွန်းအတွက် အခက်တွေ့ပြီးလေ..။ကျောင်းခန်းထဲဝင်ရင် ကိုယ်ထပ်ငယ်သူတွေမို့ ကျောင်းမတက်ပဲ ကန်တင်းမှာ
အတန်းကြိးတွေနဲ့အချိန်တွေဖြုန်း၊ ကျောင်းသားတွေစုပြိးရိုက်တဲ့ ဖဲဝိုင်းတွေမှာ အချိန်ကုန်တဲ့ထွန်း..၊အချိန်တန်စာမေးပွဲ
ဖြေခါနီးတော့...ကျောင်းခေါ်ချိန်မပြည့်လို့ အိမ်က လက်မှတ်လိုက်ထိုးရတဲ့အဆင့်ရောက်ရောလေ..။

ထွန်း..မလွန်ဘူးလားနည်းနည်းတော့..ဟင်

ဟာကွာ...မေဦးကလည်း ပျင်းတယ်ကွ ကျောင်းသွားရတာ အတန်းထဲမှာလည်းသူငယ်ချင်းမရှိ


ထွန်း ကလည်းမေဦးပြောသားပဲ အတန်းထဲသူငယ်ချင်းရဖို့ဆိုတာ တစ်နာရီပြည့်အောင်တောင်အတန်းမဝင်တဲ့
ထွန်းလုပ်ရပ်တွေက ဘယ်ကလာပြီး သူငယ်ချင်းရမလဲ....ခုကြည့် ခဲရာခဲဆစ်သူများမအောင်တဲ့(၁၀)တန်းအောင်
အောင်မနည်းကြိုးစားခဲ့ရတာထွန်းကိုယ်တိုင်ပဲလေ.....အဲလောက်တောင်ကျောင်းကိုသွားရမှာ ပျင်းနေရင်
မေဦးဆိုင်းဝိုင်းနဲ့ထွန်းအတွက်သီးသန့် ကျောင်းလိုက်ပို့မယ်သိလား..


မေဦးရဲ့ခပ်ရွဲ့ရွဲ့အပြောကို စိတ်မဆိုးပဲ သဘောတစ်ကျရယ်မောတက်တဲ့ထွန်းက တစ်ခါတစ်တော်တော်ကိုပေတေ
တက်ပြန်ရောလေ..။ဒီလိုနဲ့ထွန်းတစ်ယောက်ပထမနှစ်ကျပြန်ပါကောလား..။ကျောင်းပြိးလို့မေဥိးလည်း ဌာနဆိုင်ရာ
အလုပ်တစ်ခုမှာ ဝင်လုပ်ရင်.လုပ်ငန်းခွင်ထဲရောက်နေတာတောင်..ထွန်းတစ်ယောက်ပေလို့တေလို့ကောင်းနေဆဲပါ။
တွေ့နေကြသောကြာနေ့....ပေါ့..

မေဦးကိုထွန်းပြောစရာရှိလို့..

အင်းဘာလုပ်ထားပြန်ပြီလဲ ထွန်းရာ


မဟုတ်ပါဘူး မေဦးရ...ထွန်းကျောင်းမတက်ချင်တော့ဘူး


ဘာပြောတယ်ထွန်း


ဟုတ်တယ်မေဦးရ ထွန်းကျောင်းမတက်ချင်တော့ဘူးကွာပြီးတော့ ကိုယ်ကအခုထိကျောင်းမပြီးသေးဘူး
မေဦးကလုပ်ငန်းခွင်ဝင်နေပြီ...


အဲဒါကြောင့်ပြောတာပေါ့ထွန်းရယ် ကြိုးစားပါလို့ ထွန်းကပေတေနေတာကိုးဥာဏ်လည်းကောင်းတာအသိဘာလို့
များတွေဝေနေရတာလဲထွန်းရာ


မေဦးက ထွန်းဘွဲ့မရရင်မယူဘူးလားပြော


ဟာမဟုတ်ဘူးလေထွန်းရာ စကားကိုကပ်သတ်မပြောပါနဲ့


မဟုတ်လို့လားပြော...မေဦးနော်ဘွဲ့ရမှစကားတွေက


မဟုတ်ဘူးထွန်း လုံးဝမဟုတ်တာတွေလျှောက်မတွေးနဲ့ မစွတ်ဆွဲနဲ့


စွတ်ဆွဲနေတာမဟုတ်ဘူးမေဦး အခုမေဦးကဘွဲ့လည်းရနေပြီ၊အလုပ်လည်းလုပ်နေပြီ ထွန်းက


ဒီမှာထွန်း..မေဦးပြောတာနားထောင် လုံးဝဖြတ်မပြောနဲ့ မေဦးဘွဲ့ရတယ်မရတယ်ဖယ်ထား ထွန်း(၁၀)တန်းအောင်
ဖို့စောင့်ပြိးပြီအခုလည်းဘွဲ့ရတဲ့အထိလည်းမေဦးစောင့်နေမှာပဲ ..ချစ်သူသက်တမ်းလဲအခု ဆို(၇)နှစ်ပြည့်တော့မယ်။
ဘာတွေမဟုတ်တာတွေတွေးပြိး ခုထိနားမလည်ရသေးတာလဲ မခက်ခဲတဲ့အလုပ်တစ်ခုကိုဘာအတွက် နှောင့်နှေးချင်
နေရတာလဲအထွန်း

မဟုတ်ဘူးမေဦးရာ ထွန်းဘွဲ့မရရင်မေဦးမယူနိုင်ဘူးဆိုတာ သေချာနေတယ်မလား

ဒီမှာထွန်း မေဦးကိုတစ်ချစ်တယ်ဆိုရင် မေဦးအတွက် ထွန်းဘွဲ့လေးရအောင်ယူဖို့ဘာအတွက်ဝန်လေးနေရမှာလဲထွန်း
မေဦးမိသားစု၊မေဦးအသိုင်းအဝိုင်းမှာ ထွန်းကိုသိပ်တော်တဲ့လူတစ်ယောက်အဖြစ်မမြင်ရင်တောင် အထင်သေးရူံ့ချမဲ့
ဘဝမျိုးမရောက်စေချင်ဘူး...ကိုယ်တိုင်ကဘွဲ့ရနေပြီး သူ့ယောက်ျားကဘာဆိုတာမျိုးထွန်းခံနိုင်လား...ထွန်းနဲ့ပတ်သက်
ပြီးတဖက်ကမေဦးကိုပြောလာရင်ကော ထွန်းဘယ်လိုနေမလဲ..မတွေးဘူးလားထွန်း..အခုဆိုထွန်းအရမ်းပေါ့တယ်
အိမ်မှာကားရှိလို့လဲ..ထွန်းကားမမောင်းတက်ဘူး။ မေဦးပြောတယ်..ကားမောင်းပညာတက်ထားလဲအရူံးမရှိဘူးအတက်ပ
ညာတစ်ခုအနေနဲ့ရော...ထွန်းအိမ်မှာအငယ်ဆုံးဆိုပြိး ပိုက်ဆံလက်ဝါးဖြန့်နေတိုင်းအချိန်ပြည့်လိုတိုင်းတရနေပေမယ့်
ထွန်းနဲ့ မေဦးအိမ်ထောင်ကျသွားရင်..ထွန်းဘာလုပ်ကျွေးမှာလဲ..ဘယ်မှာလဲအတက်ပညာ၊ဘာနဲ့မေဦးတို့ဘဝတည်
ဆောက်ကြမှာလဲထွန်း...မေဦးချစ်ရင် အစစအရာရာအတွက်ကြိုးစားစေချင်တယ်ထွန်းရာနော်...

စကားတွေအရှည်ကြိးရှင်းပြနေသည့်တိုင်ထွန်းတစ်ယောက်ကတော့ မတုန်မလှုပ်....လေ.။

မေဦးတို့ချစ်ခဲ့ကြတာ အခုဆို(၇)နှစ်ပြည့်တော့မယ်ထွန်း မိန်းခလေးတစ်ယောက်အတွက်ရည်းစားသက်တမ်းအဲလောက်
ရှည်နေတာ ထွန်းနဲ့ရာသက်ပန်ရည်ရွယ်ထားလို့ပါထွန်း..တခြားအတွေးတွေမဝင်ပဲ မေဦးကိုယုံကြည်ပါ..
စိတ်ချပါ ထွန်းကလွဲရင် မေဦးမှာ ချစ်ရမယ့်သူမရှိပါဘူးထွန်း ထွန်းကိုကြိုးစားစေချင်တယ်ဆိုတာ
ထွန်းအတွက်ရောမေဦးအတွက်ရော နှစ်ယောက်စလုံးရဲ့ဘဝအတွက်ပါထွန်း...


အဲဒီလိုစကားအခြေအတင်ပြောပြီးမကြာပါဘူး ထွန်းတစ်ယောက် ထွန်းတို့အိမ်ကလက်ဖက်ရည်ဆိုင်ဖွင့်လို့
အိမ်နဲ့ဆိုင်နဲ့ ကျောင်းနဲ့ထွန်းတစ်ယောက်အလုပ်တွေများနေလို့တွေ့နေကျအချိန်လေး တောင်ထွန်းတစ်ယောက်
ပျက်ကွက်တက်နေပြီလေ။ မေဦးကတော့ ထုံစံအတိုင်းနားလည်ပေးလျှက်ပါပဲ..။လက်ဖက်ရည်ဆိုင်ဆိုတာ
မိုးလင်းမိုးချုပ်အလုပ်တွေပြည့်နေတာမျိုးမလား။ဆုံဖြစ်ကြတဲ့အချိန်တွေက အရင်လို ပုံမှန်မဟုတ်တော့သလို
တွေ့တိုင်းလည်း အရင်လိုမအေးစေးတော့ဘူးလေ။ဆိုင်မှာလူမရှိလို့ဆိုပြိ ချိန်းထားတဲ့ရက်မတွေ့နိုင်လို့
ရွေ့ပြောင်းခဲ့ရတဲ့ရက်စွဲတွေလည်းများလာပါကောလားထွန်း။ အလိုက်မသိတဲ့ တုံးလွန်းတက်တဲ့ထွန်းရဲ့မေဦးက
တော့ မအားရှာဘူးလို့ တွေးနေခဲ့တာ..။သတင်းတွေကြားလာတယ် ထွန်းနဲ့ကောင်းမလေးတစ်ယောက်နဲ့တဲ့လေ.။
မဆန်းပါဘူး မေဦးအတွက်က ထွန်းနဲ့ကောင်မလေးတစ်ယောက်ဆိုတဲ့သတင်းဆိုတာ အခုမှကြားရတာမှမဟုတ်ခဲ့
တာ..ဟိုးလွန်ခဲ့တဲ့(၇)နှစ်လောက်ထဲကထွန်းရဲ့ချစ်သူဖြစ်ပြီးကတည်းကလေ...။အချိန်တန်ရင် ထွန်းကိုယ်တိုင်ဖွင့်
ပြောလာခဲ့မယ်ဆိုတဲ့နေ့ကိုစောင့်နေခဲ့တာပါ...။မသိချင်ယောင်ဆောင်နေခဲ့တာ ထွန်းနဲ့မေဦးတို့ရဲ့အချစ်တွေက
အခုလိုဘာမဟုတ်တဲ့အကြောင်းကိစ္စလေးမှာမူတည်ပြီး ပျက်စီးစေဖို့အတွက်အဖြစ်မခံနိုင်လူးလေထွန်း.။နားနဲ့မဆန့်
တော့တဲ့သတင်းတွေရယ်...ပျက်ကွက်နေပြီဖြစ်တဲ့မေဦးတို့ရဲ့သောကြာနေ့လေးတွေဟာ အဆက်စပ်ရှိနေမယ့်
ယုံကြည်လို့မရခဲ့ဘူးလေ..။ လူကြုံနဲ့ရောက်လာတဲ့စာလေးတစ်စောင်...။အပြေးအလွားဖွင့်ကြည့်တော့..

သို့...


ထွန်းကိုမေ့လိုက်ပါ မေဦး ၊ထွန်းတို့ဘယ်လိုမှရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တော့လို့ပါ။
ပြီးတော့ ထွန်းကိုယ်တိုင်လည်း ချစ်သူရှိနေပြီမို့....

မေဦးရဲ့တစ်ချိန်က
ထွန်း။။။

တဲ့လေ...။ရက်စက်ပါပေ့ထွန်း...ဘယ်လိုအကြောင်းကြောင့်များမေဦးတို့ရဲ့ ချစ်ခြင်းတွေကိုပြိုကွဲစေခဲ့ရတာလည်း.။
နေရာတိုင်းနေ့ရက်တွေတိုင်း ထွန်းနဲ့မေဦးတို့ရဲ့ပုံရိပ်တွေ ခြေရာထပ်သလို ရှိခဲ့ကြတာ။နားလည်မှုတွေမှုတွေအထပ်
ထပ်နဲ့ခိုင်မြဲနေအောင်ချည်နှောင်ခဲ့တာ...အခုလိုကြုံဆုံလာခဲ့ဖို့များတမင်ရည်ရွယ်ခဲ့လေသလားထွန်း.။အဲဒီည မိုးတွေ
နဲ့အပြိုင်မျက်ရည်တွေ စိုရွဲနေတဲ့မေဦးကိုကျောခိုင်းလို့ ရပ်တည်နေခဲ့တာထွန်းတစ်ယောက်မှဟုတ်ရဲ့လားလို့..။
ဘယ်ကနေဘယ်လိုအိမ်ပြန်ရောက်လို့ရောက်လာမှန်းမသိခဲ့အောင်....ရူးမတက်ခံစားရခဲ့သလောက်ထွန်းကတော့
လုပ်ရက်တယ်နော်...။အခုဆိုထွန်းထားခဲ့တဲ့အတိုင်း...မေဦးနေခဲ့တာ....။မဆုံဖြစ်ကြပေမယ့် ကြားနေရတဲ့ထွန်းသ
တင်းတွေ။ထွန်းကောင်မလေးနဲ့ပြတ်သွားပြီဆိုတာရော...ထွန်းတစ်ယောက် ထိုင်းမှာရှိတဲ့အမဆီလိုက်သွားတယ်
ဆိုတာတွေရော...စုံလို့ပါပဲထွန်း...။ အပေါင်းသင်းတွေကြားမှာ ထွန်းနဲ့တွဲလို့ပျော်ခဲ့ရတဲ့လမ်းတွေမှာအခုတော့
တစ်ကိုယ်ရေ လျှောက်ပြီး ခြေရာတွေကောက်နေရသလိုပါပဲထွန်း.။အရင်တုန်းက နင်တို့ဘယ်တော့ယူမှာလဲလို့
မေးခဲ့ကြတဲ့သူငယ်ချင်းတွေနဲ့ဆုံတိုင်း မေဦးရင်ထဲ ဆူးနဲ့ထိုးသလို ရှက်ခြင်းနာကျင်ခြင်းတွေနဲ့အတူ အမှတ်မရှိ
သတိရနေခဲ့တယ်..။ဘဝဆိုတာဒီလိုပါပဲလို့ မချိတင်ကဲရေရွတ်ရင်း အပေါ်ယံဟန်ဆောင်ခြင်းတွေနဲ့ ရယ်မောနေ
ရပေမယ့် ရင်ထဲမှာတော့ သွေးစိမ်းတောက်တောက်ကျနေတဲ့ နာကျင်မှုကို ကိုယ်တိုင်သာအသိဆုံးပါထွန်း...။
ချစ်သူရဲ့ ထားခြင်းခံရတဲ့ မိန်းမသားတစ်ဦးအတွက် ပတ်ဝန်းကျင်မှာရော ရင်တွင်းမှာ အကြိမ်ကြိမ် နာကျင်ကြေ
ကွဲနေရတာ နင်မသိနိုင်ပါဘူးထွန်းရယ်...။နင့်ကိုမျှော်လင့်နေတာမျိုးမဟုတ်ပေမယ့် မေဦးကိုချစ်ခွင့်ပန်လာတဲ့သူ
တွေကို မြင်တိုင်း ဘာရယ်မဟုတ်ထွန်းနဲ့နှိုင်းယှဉ်နေမိပြီး မဖြစ်နိုင်ဘူးဆိုတဲ့အသိကသေချာနေတော့ ထွန်းနေရာ
တခြားသူဆိုတာ ရှိလာဖို့မလွယ်တာ...ထွန်းတစ်ယောက်သိမှာမဟုတ်ဘူးနော်..။

ဒီနေ့ရုံးဆင်းရင်လာခဲ့မယ်နော် သူငယ်ချင်း

အိုကေ စောင့်နေမယ် သိပ်နောက်မကျနဲ့နော်...


အင်းပါ သဲသဲရာ လာမှာပေါ့ ငါမလာပဲမနေပါဘူးဟ နင်ကလဲ


အဲဒါဆိုငါဖုန်းချပြီနော်....


အင်းအင်း


အင်းအခုဆို မေဦးရဲ့ချစ်ရတဲ့သူငယ်မလေးသဲသဲက အမရှိရာစင်္ကပူကို အလုပ်နဲ့ထွက်မှာမို့သူငယ်ချင်း
တွေကို နှုတ်ဆက်ပွဲလေးလုပ်ပေးတာမို့ ရုံးအလုပ်လေးရှိနေတဲ့မေဦးကိုညှာပြိးတမင်ညပွဲစီစဉ်ပေးတာမို့
သွားကိုသွားရမယ်လေ..။ချစ်ရတဲ့သူတွေနဲ့ ခွဲခွာရအုံးမှာမို့ ဒီညလည်း မေဦးငိုရအုံးမှာပေါ့နော်...ဆိုတဲ့
အတွေးတွေးရင်း..ဘာရယ်မဟုတ် ..ထားသွားတဲ့သူကထားသွားလို့(၂)ဆိုတဲ့အချိန်တောင်ရှိနေပြီ မျက်ရည်တွေ
မခြောက်သေးပါလားဆိုတဲ့အသိက ရင်ကဒဏ်ရာဟောင်းကို လာရီုက်တယ်လေ...။ငိုချင်ရဲ့လက်တို့မို့
အတွေးတွေဝင်လာတိုင်း မတည်ငြိမ်တဲ့အတိတ်က မျက်ရည်တွေအဖြစ်ရပ်တည်နေအုံးမှာပါလားထွန်း..။
ဘာရယ်မဟုတ် မှန်ထဲမှာမြင်နေရတဲ့ မေဦးဆံပင်တွေကို ကြည့်ရင်း ဆံပင်ရှည်နှစ်သက်တဲ့ ထွန်းကို
သတိရနေမိတယ်...။ဟိုးတစ်ချိန်တုန်းက ဆံပင်ကောင်းလွန်းတဲ့ မေဦးကို ဆံပင်အရှည်ထားစေချင်ပေမယ့်
ကျောင်းတက်နေတာကတစ်ကြောင်း ကျောလည်လောက်စတပ်မတိုမရှည်လေးကိုပဲသဘောကျတာကြောင့်
အရှည်မထားဖြစ်ပေမယ့် အခုကျတော့ အလုပ်မှာလည်းရာထူးတိုးမို့ လူကြိးဆန်ဆန်လေးဖြစ်အောင် နေထိုင်
ရတဲ့အတွက်ကြောင် ...ခုဆိုမေဦးရဲ့ဆံပင်တင်ပါးဖုံးနေပြီလေ...။တမင်တစ်ကာမဟုတ်ပေမယ့် တိုက်ဆိုင်တိုင်း
အတွေးတွေထဲ ရှိနေဘယ်လိုမှ မတက်နိုင်လို့ပါထွန်း။လုပ်ယူနေတာမဟုတ်ပဲ အလိုအလျှောက်သတိရနေတာ
ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ကိုစိမ်းကားကြီးတစ်ယောက် အဆင်ပြေချောမွေ့ပါစေလို့ စိတ်ရင်းအမှန်
နဲ့ ဆုတောင်းမေတ္တာပို့နေတာ...ရင်ထဲကဖြူစင်မှုသက်သက်ပါထွန်း..။ အချိန်အတော်ကြာ အတွေးတွေထဲနစ်မွန်း
နေလို့ ချိန်းတာတာနောက်ကျနေပြီမို့ သဲသဲဆီ အပြေးသါားရအုံးမယ်လေ...။သဲသဲနဲ့ မေဦးက သိပ်မဝေးသလို
လမ်းလျှောက်ရင်၅)မိနစ်လောက်ပဲလျှောက်ရတာမို့..ခပ်သွက်သွက်လျှောက်ရင်...လူစုံနေလောက်ပြီဖြစ်တဲ့
ပွဲလေးကို စိတ်ကူးနဲ့မြင်ယောင်ရင်းးးးးး။
လာပါပြီကျေးဇူးရှင်....ဝေးတာကိုးနော် ဟွန်းကားမရလို့လား..ရထားမရလို့လား

မဟုတ်ပါဘူး နင်တို့ကလည်း သူကပို့ပေးမယ့်သူစောင့်နေလို့နေမှာပေါ့


ဟာဘယ်ကသာ လေယဉ်သူများငှားလိုက်လို့ပါဟ


ရန်စကားဖြင့် တစ်ယောက်ဆီးကြိုကြတဲ့သူငယ်ချင်းတွေကို ဘာမှမပြောပဲ


အခုလာပြီရှာမရှည်နဲ့မမတွေ...ဒီမှာ အချိန်မီအောင်မနည်လာရတာ အမောကိုမပြေဘူး


အောင်မယ်နုတ်သီးကောင်းရှားပါးမမ...ဒီမှာတော့လည်ပင်းညောင်ရေအိုးမကဘူးသစ်ကုလားအုပ်ဖြစ်နေတာ
သွားနောက်ဖွေးမှာစားစရာဗန်းတွေသယ်ဖို့အလုပ်ချန်ထားတယ်..သားသယ်ချေ


ဟင် နင်တို့ကလည်း ငါတစ်ယောက်ထည်းလားလာနင်တို့ပါလာ


အောင်မယ်ဘာလို့လာရမှာလဲ ငါတို့အစောကြိးရောက်နေတာ နင်သာနောက်ကျနေတာ


ဟုတ်တယ်ဟုတ်တယ်နင့်ဖို့အလုပ်ချန်ထားတာလျှာမရှည်နဲ့သွားယူ စားမယ်


အဲလိုပါပဲသူငယ်ချင်းတွေက မေဦးဆိုညှင်းလိုက်ရမှလေ..။သည်းခံတက်လို့လည်း မေဦးဆိုအားလုံးကအချစ်ပို
ကြတယ်လေ..။ချစ်ရတဲ့သူငယ်ချင်းတွေကိုအရူံးပေးနေကျအတိုင်း မေဦးတစ်ယောက်ထည်း အိမ်ထဲဝင်ခဲ့တော့

ဟင်

ဧည့်ခန်းမမှာ ထိုင်ရာကထလာတဲ့ ထွန်း...။မတွေ့ရတဲ့နှစ်နှစ်အတွင်းမှာ အနည်းငယ်ဝလာသလို ဂုတ်ထောက်နေပြီ
ဖြစ်တဲ့ဆံပင်ကိုခေါင်းစီးကြိုးသေးသေးဖြင့်စုစည်းထားတဲ့ ထွန်းက တစ်ကယ်ကိုလူကြီးကြိးတစ်ယောက်ပါလား။

မေဦး

အဖျားရိုက်ခတ်နေတဲ့အသံကိုနားထောင်ရင်း ဒီအသံပေါ့..ဟိုးအရင်အပြစ်လုပ်တိုင်းမေဦးကိုဖွင့်ပြောခါနီးတိုင်း
ဖြစ်နေကျ ထွန်းရဲ့အမူအယာပဲ....။လိုက်ခနဲခုန်လာတဲ့ရင်ခုန်သံတွေက အတိုင်းအဆမရှိ၊မမျှော်လင့်ရဲ့ဘူး တိုးဝင်
လာတဲ့အသိ ၊ဟင်အင်း မဟုတ်သေးဘူးမေဦး မရူးပါနဲ့ မဟုတ်လောက်ဘူး အသိစိတ်တွေကို ဆုံးမနေပေမယ့်
ရင်ခုန်သံတွေဆူညံ ပြီးဒူးတွေတောင်ညွတ်ကျမတက်ဖြစ်နေတဲ့မေဦး။

ထွန်းလေ....မေဦး ဟိုလေ ကိုယ် ..............

စကားတောင်မဆုံးပဲမေဦးကို ရင်ခွင်ထဲဆွဲဖက်လိုက်တဲ့ထွန်းကြောင့် ရပ်ဖို့ရန်အင်အားမရှိတဲ့မေဦးကိုယ်လေးက
အလိုက်သင့်ထွန်းရင်ခွင်ထဲမှာ...။

မေဦးရယ် လွမ်းတယ် အရမ်းချစ်တယ်..အရာရာနားလည်မှုတွေနောင်တတွေနဲ့ပြန်လာတဲ့ထွန်းကို ဒီတစ်ခါ
နောက်ဆုံးအကြိမ်အဖြစ်လက်ခံပေးပါနော်....


မျက်ရည်တွေနဲ့ငိုရင်း နှုတ်ကနေတစ်တွတ်တွတ်တောင်းပန်နေတဲ့ထွန်းကို.....ဘာစကားတစ်ခွန်းမှ....ပြန်မပြောခဲ့
ပေမယ့် ထွန်းနားလည်နေမယ်လို့ယုံကြည်ပါတယ်ထွန်း..။တစ်ကယ်ဆို တစ်ကိုယ်ညတွေမှာ တစ်ယောက်တည်းငိုခဲ့
ရတဲ့မေဦးကို ထွန်းရဲ့ရင်ခွင်မှာ အားရအောင် ငိုခွင့်ပြုပါထွန်းရယ်....။

ဟေးဟေး...ကဒ်ကဒ်..

ဟာ....ကဒ်ဆိုလဲမရပါလား...


ကြည့်စမ်းကြည့်စမ်း ဘာများအောင့်မေကြလဲမသိဘူး..


သံစုံဟစ်ပြီးဝင်လာကြတဲ့သူငယ်ချင်းတွေကြောင့် မျက်ရည်တွေသုတ်ပြီး ထွန်းရင်ခွင်မှအထွက်
ရုတ်တရက်ဒူးထောက်ထိုင်ချလိုက်တဲ့ ထွန်းကြောင့်မေဦးအံသြရင်း

ဘာလုပ်တာလဲထွန်း အဲဒါ ထလေ...

တစ်သက်စာအတွက် ထွန်းဘဝကို မေဦးလက်ထဲအပ်ပါတယ် လက်ခံပေးပါမေဦးရယ်
အခုဆို အိမ်နဲ့အဝေးရောက်နေမှ ဘဝဆိုတဲ့အသိကိုကောင်းကောင်းနာလည်လာခဲ့သလို
မေဦးဟာ ကိုယ့်ဘဝအတွက်အစားထိုးမရခဲ့ လက်တွဲဖော်တစ်ယောက်ဆိုတာ ကိုယ်နားလည်ပါ
ပြီမေဦး....အခု ကိုယ်မေဦးဖြစ်စေချင်သလို ဘွဲ့ရတစ်ယောက်မဟုတ်ပေမယ့် ဘဝသင်ခန်းစာ
တွေနဲ့ အသိပညာတိုးနေတဲ့ မေဦးရဲ့ထွန်းအဖြစ်နဲ့ မေဦးနားမှာထာဝရနေ ခွင့်ရချင်ပါတယ်
ခွင့်ပြုပါ မေဦး

ကဲမေဦးအတွက်ဘာများလိုအပ်အုံးမှာလဲရှင်တို့ရယ်.....။

ချစ်သူတိုင်းဆုံစည်းခွင့်ရကြပါစေ။ Written By Anglehlaing

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More