http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, March 2, 2011

အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းမျှသာ

" ချမ်းချမ်းရေ.... ချမ်းချမ်း ဖုန်းလာနေတယ် "
ချမ်းချမ်း စာလုပ် နေရင်းမှ မေမေ ဆီမှ ဖုန်းသံကြောင့် အောက်ထပ်သို့ ပြေးဆင်းဖို့ အရှိန်ယူ လိုက်ရင်း နှုတ်မှလည်း
" ဟုတ်ကဲ့ မေမေ လာပြီ "
အပေါ်ထပ်မှ ဒရောသောပါး ပြေးလာသော ချမ်းချမ်းကို မေမေက ဘာမှ မပြောပေမယ့် စူးစူးစိုက်စိုက် ကြည့်ပြီး မျက်လုံးနဲ့ သတိပေး နေတဲ့အကြည့်။ ဒီအမေနဲ့ ဒီသမီး ဘယ်လိုဆိုတာ ဒီသားအမိ ထပ်အပြင်လူ ကပိုသိ နိုင်အုံးမလားနော်။ သူ့ရင်မှ ပေါက်ပွားတဲ့ ဒီသမီးရဲ့ အရိပ်အခြေ မှမသိဘူး ဆိုရင် ဒီအမေရဲ့ ရာဇဝင် ရီုင်းသွားမှာပေါ့။ မေမေ လက်ထဲက ဖုန်းခွက် လေးကို အသာယူပြီး မေမေရဲ့ အကြည့်စူးစူး အောက်က ရုန်းထွက် လိုက်ပြိး
" ဟဲလို ....ချမ်းချမ်းပါ "
တစ်ဖက်က လူကိုအတက် သိနေလျှက် ထူးလိုက်ရင်း မဝံ့မရဲ မေမေ့ ကို လှည့်ကြည့် တော့မေမေ ကအလိုက်သိ စွာပဲ ခြံထဲ ဆင်းသွားသည်။ မေမေ မရှိတာ သေချာတော့မှ
" မောင် ကလည်းကွာ အိမ်ကို ဖုန်းမဆက်ပါ နဲ့လို့ သေသေ ချာချာ ပြောထား လျှက်နဲ့  လုပ်လိုက်မှဖြင့် အဲလိုကြီးပဲ ချမ်းကို မေမေ ဆူတော့မယ် " 
" သတိရလို့ပါ ချမ်းရယ် ပြိးတော့ မောင်မကျေနပ်တာ နေလို့မရဘူး ချမ်း ဟိုကိစ္စ လဲအရမ်း သိချင်တယ် မောင် နေလို့မရဘူး ချမ်းရဲ့ "

" ခက်ပြီ မောင်ရာ ချမ်းရှင်းပြ ပြိးပြီပဲ အဲဒါ ချမ်းနဲ့ ငယ်သူချင်း မောင်ရဲ့ သူက အခု MP တက်နေတာ ချမ်းဆီ မကြာခဏ လာလည် တက်သလို ချမ်းတို့က အိမ်ချင်းလည်း နီးတယ် မိဘချင်းလဲ ရင်းနှိးကြတယ် မောင်ရဲ့ ဒါပေမယ့် ချမ်းတို့က ငယ်သူငယ်ချင်း အရင်းကြီး တွေပါမောင် အဲလောက် အတွေး မခေါင်ပါနဲ့ ချမ်းစာကျက် စရာတွေ ရှိသေးတယ် ကျောင်းဖွင့် ရက်မှ ချမ်းဆီ လာလည်ရင် မောင့်ကို ထပ်ရှင်းပြမယ် မောင်ရာ နော် မေမေ အခု အိမ်မှာ ရှိနေတယ် မောင်ရ  ချမ်းတော့ မောင်လုပ် တာနဲ့ အဆူခံ ရတော့မယ် ဒါပဲမောင် ချမ်းချ လိုက်ပြီနော် ဘိုင်ဘိုင် "
တစ်ဖက်က မောင့်ရဲ့ အဖြေကို မစောင့် တော့ပဲ ဖုန်းခွက် အသာချရင်း အိမ်အပေါ် ထပ်သို့ တက်ရန် အားယူ လိုက်တဲ့ ခြေထောက်က မေမေ ခေါ်သံကြောင့် လေထဲမှာ တင် ရပ်တန့်လျှက်
" ချမ်းချမ်း မေမေ စကားပြော စရာရှိတယ် ခဏ ထိုင်အုံး "
" ဟုတ် "
မေမေ ရဲ့အကြည့် ကိုရင်မဆိုင် ရဲစွာပဲ ချမ်းချမ်း တစ်ယောက် မျက်လွှာ ချရင်း မေမေ့ ရှေ့မှာ အပြစ်သား တစ်ယောက်လို ခပ်ကျုံကျုံလေး ဝင်ထိုင် လိုက်ရင်း။
" ဘယ်လိုလဲ ချမ်းချမ်း အရင်ကောင်လေး ပဲမလား မေမေက အကြောင်းမရှိ အကြောင်းရှာ အပြစ်မရှိ အပြစ်တင် နေတက်တဲ့ သူမဟုတ်တာ နားလည် တယ်နော် ချမ်းချမ်း မေမေက လူတစ်ဖက် သားကို မသိပဲ မတရား မပြောချင် ပေမယ့် မေမေ သူ့ကို သဘော မကျဘူး ဆိုတာ သမီးကို ပွင့်ပွင့် လင်းလင်း ပြောပြ ပြိးသား အဲဒါကိုမှ မေမေ ဆန္ဒနဲ့ ဆန့်ကျင်နေ မယ်ဆို ကိုယ်တိုင် ပြင်ဆင် သင့်တာ တွေပါ ကျောင်းစာ နဲ့အတူ ပြင်ဆင်ထား ဘဝ ကစိတ်ကူး ယဉ်ရ လောက်အောင် မလွယ်ဘူး၊ အချစ်ဆိုတာ ဘဝနဲ့ ယှဉ်ရင် မြူမှုန်စာ လောက်ပဲ ရှိတယ် ဆိုတာ မမေ့နဲ့ ပညာတက် တစ်ယောက်မို့ သမီးကို မေမေ ယုံကြည်တယ် ယုံကြည် လို့လဲ ဘယ်အရာ မျိုးမှ တင်းတင်း ကျပ်ကျပ် မပိတ်ပင် ထားဘူး ဆိုတာလဲ သမီးအသိပဲ။ လူဆိုတာ ကိုယ်ဘဝ ကိုယ်ရာဇဝင် ကိုယ်တိုင်ရေး ကိုယ်တိုင် ဖောက်ကြတာ ဆိုပေမယ့် ရာဇဝင် တွင်မယ် မတွင်ဘူး ဆိုတာ ကတော့ ကိုယ်ရဲ့ လုပ်ရပ်က သူများတွေ စာတင်လောက် တဲ့အဖြစ်မျိုး ဆိုရင်တော့ သူများတွေ ကအသိအမှတ် ပြုလောက် အောင်လုပ်ခဲ့ မယ်ဆိုတော့ ရာဇဝင် တွင်မှာပေါ့  ကဲစာကျက် မလို့မလား သွားကျက် ချည်။ ထမင်းစား ချိန်ရောက်ရင် မေမေ အသံပြု လိုက်မယ်။ အဲဒါလေး ပြောချင်လို့ ကဲ သွားသွား။ "

" ဟုတ် မေမေ "
မေမေ အဲလို ပါပဲ။ စကားပြော ထိထိ မိမိနဲ့ လိုရင်း ရောက်အောင် ပြောပြိး ပြိးရင် ဘာမှ မပြောခဲ့သလိုနဲ့ ချမ်းချမ်း အနေ ခက်မှာ ဆိုးလို့ ဆူပူခြင်း မျိုးအမြဲ ရှောင်ရှားပြိး ပေါ့ပေါ့ ပါးပါး ဆုံးမ တက်ပါတယ်။ ဖေဖေ တိမ်းပါးသွား ကထည်းက ဖေဖေ့ အလုပ်တွေမှာ ဦးစီး လုပ်ကိုင် နေရင်း ဖေဖေရဲ့ အမေ ချမ်းချမ်းရဲ့ အဘွား နဲ့လည်း သမီးယောက်္ခမ ဆိုပေမယ့် မေမေ နဲ့ဘွားဘွား ကသူများတွေ အားကျ ရလောက်အောင် တည့်သူပါ။ ဘွားဘွား ကလည်း မေမေ ဆိုသမီး အရင်းလို ချစ်တာကြောင့် အသိုင်းဝိုင်း အလည်မှာ လူတိုင်း ချီးမွန်း ခံရ လောက်အောင်  မေမေက ဆက်ဆံ ရေးပြေပြစ် သလို စီးပွားရေး မှာ မိန်းမသား တစ်ဦး အနေနဲ့  အခက်ခဲ မရှိပဲ စွမ်းဆောင် နိုင်တာကို ကြည့်ရင် မေမေက ထက်မြက်တဲ့ အမျိုး သမီးတစ်ယောက် ဆိုတာ သိနိုင်လောက် ပါတယ်။ မကြာမကြာ မေမေ ပြောလေ့ရှိတာက မိန်းခလေး တွေက မလုပ်ဖူးတဲ့ အရာတစ်ခု ကိုစွန့်စား ကြည့်ဖို့ ဆိုရင် ပညာ ဘယ်လောက် တက်တက် စဉ်းစား ဥာဏ်ပျောက် ဆုံပြိး အချစ်ဆို တာနောက် ကောက်ကောက် ပါအောင် လိုက်ဖို့ ဝန်မလေး ဘူးတဲ့။ ပညာ ဘယ်လောက် တက်တက် အချစ်နဲ့ ပါက်သက်ရင် စွန့်စားဖို့ ဝန်မလေး ကြဘူး လို့ ဆေးကျောင်း သူတစ်ဦး ဖြစ်တဲ့ ချမ်းချမ်း ကိုလဲ တိုက်ရိုက် သော်လည်းကောင်း ၊သွယ်ဝိုက် ပြိးတော့ လည်းကောင်း မကြာခဏ ပြောတက် တဲ့မေမေပါ။ ဘာပဲ ဖြစ်ဖြစ် ချမ်းချမ်း လောလော ဆည်တော့ စာကျက် မရအောင် စိတ်တွေ ရှုတ်ထွေး သွားရတာ အမှန်ပါပဲ။
..................................................................................။............................................................................................


" မောင် ကလည်း ချမ်း ဒီလောက် ရှင်းပြ နေတာကို နားမလည် နိုင်ဘူးလား ချမ်းမှာ မောင်က တစ်မျိုး၊ မေမေ ကတစ်မျိုး၊ သူငယ်ချင်း တွေကိုလည်း မောင်က အကောင်းမမြင် ချမ်းကိုလည်း နည်းနည်း ညှာတာပါအုံး မောင်ရဲ့ ချမ်း အခုတစ်လော စာတွေကများ စိတ်ကညစ်နဲ့ လူလည်း မရူးရုံ တစ်မယ်ကျန်တယ်။ "

" မောင် ဘာလို့ အဲလို ဖြစ်နေတာလဲ ချမ်း မသိတာလား မသိချင်ယောင် ဆောင်နေတာလား ဟင် "
" မောင် ချမ်းကို ချစ်တာ ချမ်းသိတာပေါ့ မောင်ရဲ့ အဲလိုပဲ ချမ်းလဲ မောင့်ကို ချစ်လို့ အခုလို ဖြစ်နေရတာ မောင် နည်းနည်းတော့ ကိုယ်ချင်းစာ သင်တယ် ချမ်းတို့ ဆေးမှာ စာတွေက အများကြိး မောင်ရဲ့ "
" ဘာပဲ ဖြစ်ဖြစ် ချမ်းရာ ချမ်းရဲ့သူငယ်ချင်း ဆိုတဲ့သူ ကိုမောင် သဘောမကျဘူး မကြိုက်ဘူး ချမ်းရာ သူနဲ့ အဆက် သွယ်မလုပ်ပါနဲ့ နော်ချမ်း အဲဒါ တစ်ခု ကတော့ မောင့်ကို ကတိပေး ကွာ နော်ချမ်း ချမ်းက လိမ္မာပါတယ် မောင့်ကို ချစ်တယ်ဆို နော်ချမ်း "
" မောင် ချမ်း ဒီလောက် ရှင်းပြ နေရင်းနဲ့ မောင်ရာ ချမ်းဘက် ကရော နည်းနည်းများ ကိုယ်ချင်း စာကြည့်ပါ လားမောင် ချမ်းနဲ့ သူက အခုမှ ခင်တာလဲ မဟုတ် ပြိးတော့ မောင့်နဲ့ ချမ်း ချစ်သူဖြစ်နေ တာလဲ သိတယ်။ မောင်နဲ့ မချစ်ခင် ကထည်းက ချမ်းဆီ အလည် လာနေကျ အခုမှ ချမ်းက မလာနဲ့လို့ ပြောလို့ ကောင်းမလား မောင်ရဲ့
မသိဘူး ချမ်းရာ မောင်ကတော့ မောင် မကြိုက်တာပဲ သိတယ် မောင်ချမ်းကို ချစ်တယ် အဆုံးရှုံး မခံနိုင်ဘူးကွာ
မရဘူးမောင် ချမ်းလဲ မောင့်ကို ချစ်လို့ အများကြိး လိုက်လျှော ခဲ့တာ မောင်အသိ၊ အခုလည်း တစ်ခါ သူငယ်ချင်း တွေကြားမှာ လည်း မောင့်ကြောင့် ချမ်းမျက်နှာ ပျက်ရပေါင်း များပြီ ချစ်တာလည်း ချစ်ပါ မောင် ဒါပေမယ့် ချမ်းဘက်ကိုလည်း နားလည်ပေး ပါအုံးမောင် ။ သူငယ်ချင်း တွေဆိုတာ မောင်ထင်သလို ချမ်းကို မောင့် လက်ထဲက လုယူ မယ့်သူတွေ မဟုတ်ပါဘူး ၊အပြန်လှန် နားလည် ကူညီ နေကြတဲ့ သူတွေ၊ မောင်လုပ်တာနဲ့ အခု ချမ်းဘေးမှာ သူငယ်ချင်း ဆိုတာ မရှိ သလောက် ဖြစ်နေပြီ မောင်။ "
ချမ်းနဲ့ မကြာခဏ မောင်က အခြေအတင် ဖြစ်နေကြပါ။ သူလိုချင်တဲ့ အဖြေမရ တော့မောင်က မျက်နှာထား တည်စွာ ချမ်းကို စကား မဆိုပဲ ခပ်တည်တည် စူးစိုက် ကြည့်လို့ နေတဲ့မောင်ပါ။ ချမ်းကလည်း မောင် အဲလိုနေပြီ ဆိုရင် မနေတက် စွာပဲ အလျှော့ ပေးဖို့ အသင့် အနေအထား ဖြစ်နေ ခဲ့ရတာပဲ မဟုတ်လား။ အလျှော့ ပေးတက်တဲ့ ချမ်းရဲ့ မနောကို သိနေတဲ့ မောင်က ချမ်းရဲ့ အလျှော့ ပေးမှုကို စောင့်နေတယ် ထင်ပ။
" စိတ်မကောင်းဘူး မောင်ရယ် တစိတ်လောက် အဲလိုကြိး ချမ်းကို စိတ်မကောက် ပါနဲ့ မောင်ရဲ့ ချမ်းကို ချစ်လို့ဆိုတာ ချမ်းနားလည်တယ် ဒါပေမယ့် သူက ချမ်းရဲ့ ငယ်သူငယ်ချင်း လဲဖြစ်တယ်၊ ချမ်းနဲ့ မောင်ချစ်သူ တွေဆိုတာလည်း သိနေတာပဲ မောင်ရဲ့။ မဟုတ်တာတွေ စိတ်ပူပြိး ပြသနာ မလုပ်ပါနဲ့ မောင်ရာ ချမ်းနှုတ်က သူ့ကို အဲလိုကြိး ပြောဖို့လဲ မဖြစ်နိုင်ဘူး လေမောင် နော် နော် နော်လို့မောင် "
" သြော် ချမ်းက သူများကျတော့ အဲလို မဖြစ်နိုင် ပါဘူးဆိုပြိး မောင့်ကိုတော့ ဘာဖြစ်ဖြစ် ဆိုတဲ့ သဘောပေါ့လေ ဟုတ်လား ချမ်း "
မကြေ မချမ်း ရေရွတ်နေ တဲ့မောင်က ချမ်းအတွက် တစ်ကယ့်ကို ကလေးဆိုး တစ်ယောက် လိုပါပဲ။ ချမ်း ချစ်မှန်း အလိုက်လိုက် မှန်းသိလို့ ချမ်းအပေါ် အနိုင်ယူ လွန်းတဲ့ မောင်ပါ။
" မောင်ကလည်း ဒီလောက် ရှင်းပြနေတာ နားလည်ပါနော် ချမ်းက မောင့်ကို ချစ်တာ မောင့်သိသားနဲ့ အဲလောက် မဆိုးပါနဲ့ နော်မောင် "
ချမ်းရဲ့ စကားကို မောင်က ဂရုမစိုက်စွာ မကြား ချင်ယောင် ဆောင်ပြိး တစ်ဖက်သို့ လှည့်နေသည်.။အင်း ဒီပုံအတိုင်း ဆို ချမ်းတို့ ပြသနာ ကြိးထွားလာ အုံးမယ် ဆိုတာ အတက် သိတာ ပေါ့။ လုပ်ချင်တာ ဆို ဇွတ်လုပ် တက်တဲ့ မောင့်ကြောင့် ချမ်းရင်မော ရပါတယ်မောင်။ မောင့်ကို ကြည့်ပြိး ချမ်း သက်ပြင်းသဲ့သဲ့ ချမိလိုက်ပြိး လက်မှ နာရီ လေးဆီသို့ မျက်လုံးအရောက်
" ဟောတော့ မောင် ချမ်း အတန်းချိန် နီးနေပြီ ချမ်း သွားတော့မယ် နော်မောင် နောက်နေ့မှ တွေ့မယ်နော် မောင် စိတ်မကောက်နဲ့ တော့ကွာ ဒီလောက် ချမ်းကို ညှင်းဆဲ ရရင် ကျေနပ် ပါတော့ မောင်ရဲ့ "
မောင်က ချမ်းရဲ့ နှုတ်ဆက် စကားကို ဘာတစ်ခွန်းမှ မဆိုပဲ ချမ်းရဲ့ စာအုပ်တွေ ရေဗူးနဲ့ ထမင်းချိုင့် ထည့်ထားတဲ့ ခြင်းကို ဆွဲပြိး လိုက်ပို့ ဖို့ပြင်တင်လျှက်။ စကား တစ်ခွန်းမှ မဆိုပဲ ချမ်းကို အတန်းရှေ့ လိုက်ပို့ ပြိး နှုတ်တောင် မဆက်ပဲ မောင်ပြန် သွားခဲ့တယ်။ သူ အလိုမကျရင် မကျသလို ချမ်းအပေါ် အနိုင်ယူ တက်ပေမယ့် ချမ်းကလည်း အနိုင်ယူ နေတာ သိသိကြိးနဲ့ မောင့်ကို အလျှော့ မပေးပဲ မနေ နိုင်အောင် ချစ်ခဲ့မိပါတယ်။ မောင်နဲ့ ချမ်းက မေဂျာချင်း မတူ၊ ကျောင်းလည်း မတူတာ မို့ အမြဲ မတွေ့ ဖြစ်ကြပါဘူး။ မောင်က သာချမ်းဆီ မကြာမကြာ အလည်ရောက် တက်ပေမယ့် ချမ်းကတော့ မောင့်ကျောင်း တစ်ခါပဲ ရောက်ပြိး နောက်ပိုင်း မရောက်ဖြစ် တော့ပါဘူး။ ချမ်းက ဆေး ကျောင်းသူ ပီပီ စာတွေများ၊ မောင်က ပြသနာ ရှာတက် မှတက်နဲ့ ချမ်း တစ်ယောက် အိမ်ရောက်ရင် မေမေ့ ရှေ့မှာ အနေကျပ် တာက တစ်မျိုး၊ ကျောင်း ရောက်ရင် စာက ခက်တာက တစ်ဖုံနဲ့ တစ်ယောက် ထဲဗျာများ နေရတဲ့ ဘဝ။
.......................................။..................................
" ကိုမြကျော် ရှင်... မိုးမှ မလင်းသေးဘူးတော် မူးလာပြန် ပြီလား ရှင့်လုပ်စာ စားပြိး အသက်ရှင် ရမယ်ဆို ခင်ထွေးတို့ လျှာပေါ် မြက်ပေါက် နေပြီရှင့် သိလား ဘယ်နှယ့်တော် မိုးလင်းတာနဲ့ အရက်ဆိုင် ပြေးဖို့လောက် တာဆူနေတယ် အိမ်မှာ ချက်ဖို့ ဆန်ရှိလား မရှိလား တစ်ချက် စဉ်းစား ဖော်မရဘူး "
" ခင်ထွေး နင်ပါးစပ် နင်ဘာသာ ပိတ်မလား ငါလာပိတ်ပေး ရမလား မိုးမလင်းသေးဘူး အော်ကြိး ဟစ်ကျယ်နဲ့ ငါအရက် သောက်တာ နင်ပြောမှ တစ်ရက်ကွက် လုံးသိတာ နားလည်လား "
" သြော် ခင်ထွေး အသံကျယ် တာ ဘာအတွက်ကြောင့် ဆိုတာ ရှင်မသိဘူးလား ဟင် အိမ်မှာတော့ စာရေးသောက်ရေး ဘယ်လိုနေနေ အချိန်တန် ရှင့်အရက်ဖိုး ပြည့်စုံရင် ရှိတဲ့ ဆိုက်ကား လမ်းဘေး ထိုးထားပြိး တစ်နေကုန် မူးနေ ရရင် အိမ်က သားမယားနဲ့ ကလေးတွေ ဘယ်လို စားမယ် ဆိုတာ ရှင် နည်းနည်းမှ မတွေးပါလား အခုလို ကျွန်မအသံ ကျယ်ကျယ်နဲ့ ပြောတာ ကျတော့ ရှင့်လို အမူးသမားက ရှက်တက်တယ် ပေါ့လေ ဟင်လူလိမ္မာ ကြိးရဲ့.. ဆိုက်ကားလေး ကိုယ်ပိုင်လေး နင်းနေ တာမို့ အုံနာကြေး ပေးရမယ့် သူဆို ရှင့်လုပ်နေ ပုံနဲ့ ထမင်းအိုး အမြောက်နဲ့ ပစ်ချရမယ် နားလည်လား ရှင် ကလေးတွေလဲ အရွယ်ရောက်လို့ ကျောင်းတွေ ဖွင့်တော့မယ် ရှင့်မှာ ဘာတွေများ ကလေးတွေ အတွက် စဉ်းစားတာ ရှိလို့လဲ အချိန်တန် ရှင့်အရက် ဖိုးရရင် ကျေနပ်နေတဲ့ လူက ကျွန်မသာ ဈေးမထွက် ရင်တော့ ကလေးတွေရော ကျွန်မရော လမ်းဘေးရောက် ရုံမကဘူး ခွက်စွဲ နေရလောက်ပြီ "
" ဟေ့ မင်းဈေးရောင်း ရှာကျွေးနေရ တယ်ဆိုပြိး အသံထွက်မလာနဲ့ နော်ခင်ထွေး ငါလည်း ထိုင်နေတာ မဟုတ်ဘူး တက်နိုင်သ လောက်လုပ်နေတာ လူပါးမဝနဲ့ "
" ရှင်မှာ အချိန် ရှိသ၍ မူးနေတာ ဘယ်ခရီးသည် ကရှင့်လို အရက်သမား မူးရူးနေတဲ့ လူနောက် စီးချင်မှာလဲ လူမရဘူး ပြောရအောင် အချိန်ပြည့် မူးဖို့တာဆူ နေတဲ့ရှင့်ဆီကို ဘယ်သူကများ ငှားမယ် ထင်လို့လဲ အရက်ဖိုး မရခင်လေးသာ အရက် သောက်ဖို့ လုံလောက် ရင်အလုပ် မလုပ်ချင်တော့ တဲ့ရှင့်အကျင့် ကြောင်းနောကြေ နေပြီ အပိုတွေ ပြောမနေ နဲ့ရှင် "
" ခင်ထွေး နင်ပါစပ် ပိတ်ထားလို့ ငါပြောနေတယ် နော် ငါကိုယ်တိုင် လာပိတ်ရရင် နင်သိတယ်နော်ေ...ာက်ကောင်မ ငါက စကားများများ ပြောရတာ စိတ်ပါတဲ့ ကောင်မဟုတ်ဘူး ဆိုတာ နင်အသိ ဆုံးနော် ခင်ထွေး တိတ်တော့ ငါဘာမှ လာမပြောနဲ့ "
" သိပါတယ် သိပါတယ် အမှန်တွေ ပြောရင် နားတက်တဲ့ ရှင့်လိုလူ အကြောင်း ကိုယ်လုပ်စာ ကိုယ်စားရှာ စားနေတာတောင် အခန့်မသင့်ရင် အရိုက်ခံဖို့ ဟောဒီက ခင်ထွေးက အသင့်ရှိ နေပါတယ် တော့ ကျွန်မ ကလေးတွေ မျက်နှာကြောင့် ရှင့်ကို ပေါင်းနေတာ ကလေးတွေ သာမရှိရင် ရှင်နဲ့တော့လား ဘယ်နှယ့် ခင်ထွေး တို့ဘဝများ ဒီလိုလူ နဲ့မှ အကြောင်းပါ ရတယ်လို့ အမေရေ...အမေ့သမီး ဘဝကို မြင်ကြည့် ပါအုံးအမေရဲ့ ဟီး...ဟီးးးးး "
" ဟာ ဒီကောင်မ မိုးမလင်းသေးဘူး ငါလုပ်လိုက် ရရင်တော့ သွား နင့်အမေ နောက်လိုက်သွား တမနေနဲ့ ဒီကနေပြီး ငါ... လုပ်ထည့် လိုက်ရရင် တော့လား.... "
မူးတဲ့ လူကလည်း မူး၊ အော်တဲ့ သူကလည်း အော်နဲ့ ဒီအသံ တွေက နေ့စဉ် မဟုတ်တောင် ရက်ခြား ကြားနေ ရတဲ့ သီဟတို့ ရပ်ကွက် ထဲက အသံလေးပါ။ မိုးဖြင့် လင်းမယ် မရှိသေးဘူး ငယ်စဉ် ကတည်းကနေ ကြားနေ ခဲ့ရတဲ့ ဒီအသံ တွေက ရပ်ကွက် ထဲက ဖြစ်နေကျ ဇတ်လမ်းလေးပါ။ မိန်းမ ဖြစ်သူ ခင်ထွေးက မိုးရွာရွာ၊ နေပူပူ ရာသီမရွေး ကိုယ်ဝန် ရှိနေချိန် မှာတောင် ဗိုက်ကြိး တကားကားနဲ့ ဈေးရောင်း၊ ယောက်ျားဖြစ်သူက မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ် တက်တဲ့ လူမျိုး။ တစ်ခါတစ်ရံ အခန့်မသင့်ရင် ကိုယ့်သားမယား ညှာတာ ရကောင်းမှန်းမသိ လူးလိမ့်နေအောင် ရိုက်တက် သေးတဲ့ လူမျိုး။ သြော် သူတို့ ဘဝထဲမှာ လူလာဖြစ်ရတဲ့ ကလေးလေးတွေ အစား သီဟ ရင်မော နေမိရင်း ဘာရယ်မဟုတ် ချစ်သူ ချမ်းချမ်း ကို မျက်လုံးထဲ မြင်ယောင် နေမိတယ်။ ကိုယ်ကျရင်ကော ဘယ်လိုမျိုး များကြုံ ဆုံရအုံးမှာ ပါလိမ့်။
"  သား ဘာထိုင်လုပ်နေ တာလဲ အိပ်ရာက ထရင်လဲ မျက်နှာသစ် ရေချိုးဖို့ လုပ်လေ ကျောင်းသွား ရမှာမလား "
အမေ့ အသံ ကြားမှ အတွေးထဲက နေရုန်းထွက်ပြိး
" ဟုတ် အမေ"
" အင်း ခင်ထွေး တို့ သားအမိ တွေအတွက်လည်း ဝန်လေး ရပါတယ် သြော် ဘယ်တက် နိုင်ပါ့မလဲ ဘဝဝဠ်ကြွေး တွေနေမှာ "
အမေလည်း သီဟ လိုပဲ ထိုမိသားစု အသံကြောင့် အတွေးတွေ ဝေနေတယ် ထင့်ပါ့။ မျက်နှာသစ်ဖို့ အားယူ ထလိုက်ပြိး ကျောင်းသွားဖို့ လုပ်ရအုံး မယ်လေ။
.......................................................................................။...........................................................................................
" မောင် ချမ်းက လွမ်းနေတာ စိတ်ဆိုး နေတုန်းပဲလားဟင် ချမ်းကို "
သီဟ ဘာစကားမှ မဆိုဖြစ်ပဲ ချမ်းရဲ့ မျက်နှာလေး ကိုငေးကြည့် နေမိရင်း
" မောင်ကလည်း အဲလိုမနေ ပါနဲ့ကွာ ချမ်းချစ်တာ သိသားနဲ့နော် "
" သိပါတယ် ချမ်းရယ် မောင်သိတာပေါ့ ချမ်းနဲ့ မောင် အနေထားက အရမ်းကွာခြား တာလဲ နားလည်တယ် ချမ်းသူငယ် ချင်းတွေအပေါ် မှာ ရိုးသားတာလဲ မောင်နားလည်တယ် ဒါပေမယ့် ချမ်းရယ် မောင့်က နိမ့်ပါးသူ ဆိုတော့ သူတို့တွေနဲ့ အတူရယ်မော နေတဲ့ချမ်းကို မြင်ရတိုင်း ကိုယ့်ချစ်သူ လိုမမြင်ပဲ အရမ်းဝေးကွာ လွန်းတဲ့ လူတစ်ယောက် လို မောင့်ခံစား ရတယ် ပြိးတော့ သိမ်ငယ်မိတယ် ချမ်း ချမ်းမေမေ က ကိုယ်နဲ့ သဘောမကျ တာလည်း ကိုယ်နားလည်တယ် ချမ်း မောင့်ကို ချစ်တယ် ဆိုတာလဲ မောင်သိတယ် ပြိးတော့ မောင်အနိုင် ယူသမျှ အလိုက်လိုက်ပြိး အပြုံးမပျက် ခွင့်လွတ်ပေးတဲ့ ချမ်းကို လဲသနားတယ်"
" ဟွန်း... မောင်ကလည်း အရင်တုန်းက မောင်မဟုတ် တဲ့အတိုင်း စကားတွေ တက်ပြိး လိမ္မာနေ လိုက်တာ ချမ်းချစ်တာ သိရင် ချမ်းကို နားလည်ပေးပါ မောင် ပြိးတော့ အကြာကြိးလဲ ပြစ်မထား ပါနဲ့မောင့်ရဲ့ ချမ်း အရမ်းလွမ်း တယ်ရှင့် "
" မောင် လည်းလွမ်း တာပေါ့ ချမ်းရယ် ဖြစ်နိုင်ရင် ချမ်းရဲ့ အရိပ်လေးဖြစ် ချင်တာ ဘယ်တော့မှ မခွဲ ချင်ဘူး "
" အားငယ် နေပြန်ပြီ မောင်ရာ"
" အားငယ်ရ တာပေါ့ချမ်းရယ် မောင့် အခြေနေက ဘာမှ ချမ်းတို့ အသိုင်းဝိုင်းက လက်ခံ နိုင်လောက် တဲ့အရည်အချင်း ဘာမှ မရှိနေဘူးလေ ချမ်းရဲ့ ဝေးကွာ လွန်းတဲ့ ဘဝနှစ်ခု ကြားမှာ မောင်နဲ့ ချမ်းအဲဒီ ကွာဟ ချက်တွေကို ညှိနှိုင်းဖို့ မောင် အင်အား မရှိဘူး ချမ်း ကြမ်းတမ်းတဲ့ ဘဝ လမ်းထဲကို ချမ်းကို မခေါ်ရက်ဘူး ပြိးတော့ ချမ်းကိုလဲ အဆုံးရှုံး မခံနိုင်ဘူး မောင် ရူးတော့မယ် ချမ်းရယ် "
ချမ်းရဲ့ လက်လေးကို ဖွဖွလေး ဆုပ်ကိုင်ရင်း ရင်မှာကပ်ထားတဲ့ မောင့်ကို ကြည့်ပြီး ချမ်း မောင့်ကို ချစ်လိုက်တာ။ မေမေ သဘောမကျ တာလည်း သိနေတယ် မောင့်ကိုလဲ သနားတယ် ချမ်းမောင့်ရဲ့ လက်ကို ပြန်လည် ထွေးကိုင်ရင်း
" ချမ်း လည်းမောင့်ကို ပြောမပြ တက်အောင် ချစ်တယ် မောင် "
အပြုံးလေးနဲ့ မှီလာတဲ့ ချမ်းရဲ့ ခေါင်းလေးကို မောင်က ဖွဖွလေး ဆော့ကစား နေသည်။
" သြော် မောင် ချမ်းကို စည်သူ လာကြို လိမ့်မယ် သိလား မောင့်ကို ပြောဖို့ မေ့နေတာ စည်သူ အဒေါ်ဆီ ပစ္စည်း လာပို့ စရာ ရှိလို့ လမ်းကြုံ ရင်းတဲ့ ချမ်းကို ဝင်ကြိုလို့ ပြောထားတာ စိတ်မဆိုးရဘူးနော် မောင် "
" ဟင်း...  "
မောင်က စကားမဆိုပဲ သက်ပျင်းရှည် ကြိးချပြိး ချမ်းကို ကြည့်ပြိး ခေါင်းငြိမ် ပြပြိး ပြုံးလိုက်သည်။ အဲသည် အပြုံး တွေက အသက်မဝင် ဘူးဆိုတာ ချမ်းသိတာ ပေါ့။ အမြဲ အားငယ် နေတက်တဲ့ မောင့်ကို ဘယ်သူတွေ ဘယ်လို မြင်မြင် ချမ်းက ချစ်တဲ့ စိတ်တစ်ခု ထဲနဲ့ နားလည် ပါတယ်။ မောင့် ရဲ့ အပြုမှု တွေနဲ့ မောင့်စိတ်ကို အနားလည်ဆုံး ဖြစ်အောင် ကြိုးစားဖို့ ချမ်းအမြဲ ကြိုးစားနေ ပါတယ်မောင်လို့ တီးတိုး စိတ်ထဲမှ ပြောနေမိရင်း။
" ချမ်းရဲ့ သူငယ်ချင်း လာပြီ "
မောင်ပြ ရာသို့ လှမ်းကြည့်တော့ ဟုတ်ပါတယ် စည်သူက ချမ်းတို့ နှစ်ယောက်ကို လှမ်းမြင်ကာ ကားပေါ်မှ လက်ပြရင်း ချမ်းတို့ အနီးသို့ ကားထိုးရပ်ရင်း
" ဘယ်လိုလဲ မိချမ်း အချိန် တိကျ ပါတယ်နော် "
" အင်းပါ စည်သူရဲ့   "
မောင့်ရှေ့ မှာမို့ စည်သူကို စကားများများ မပြောရဲ။ တော်ကြာ မောင် စိတ်မကောင်း ဖြစ်နေမှာ ဆိုးလို့လေ။
" မောင် ချမ်းသွားတော့မယ် နော် နောက်နေ့မှ တွေ့မယ် "
" အင်းပါချမ်း သွားလေ  "
မောင်က ချမ်းကို အပြုံးနဲ့ နှုတ်ဆက်ရင်း စည်သူကိုပါ ကြည့်ရင်း ဘာမှမဆိုပဲ ပြုံးလျှက်သား ကြည့်နေရှာ ပေမယ့် မောင် အနေရ ခက်နေမယ်ဆိုတာ ချမ်းခံစား လို့ရနေပြန်တယ်မောင်။
ချမ်းကို ခေါ်ဆောင် သွားတဲ့ ကားအဖြူလေး မြင်ကွင်းထဲက ပျောက် သွားပေမယ့် သီဟ ထိုင်ရာမှ မထသေးပဲ အတွေးတွေ ကြားမှာ အချိန် အတော်ကြာ နှစ်မြော နေမိသည်။
.............................................................................................။.....................................................................................
" မိချမ်း နင့် သတင်းတွေ ကြားတယ်နော် ဖြစ်ပျက် နေလိုက်တဲ့ မိန်းမ လုပ်လိုက်ရင်ဖြင့် သူများထက် ကိုထူးတယ် "
" ခင်လေး ကလည်းဟာ တွေ့တာနဲ့ ဟောက်ဖို့ပဲ စဉ်းစား နေတယ် ဒီမှာ တစ်ယောက်ထဲ ရယ် ပျင်းနေပြီ ပြန်လာ တော့ "
"  အံမယ် အပိုတွေ ပြောနေ ကျုပ်ကို သတိရ ချိန်တောင် မရှိတဲ့ သူကများ လာသေးတယ်"
" တစ်ကယ် ပြောတာ ခင်လေးရဲ့ ငါမှာ့လေ တိုင်ပင် စရာဆိုလို့ ရင်းရင်းနှီးနှီး နင်ပဲရှိတာ နင်မရှိတော့ ငါတစ်ယောက် ထည်း စည်သူ ကျတော့လည်း ယောက်ျားလေး ဆိုတော့ တိုင်ပင်ရတာ မကောင်းဘူးဟာ  "
" ပြောပါ တယ်နော် စည်သူက လည်းနင့် မိချမ်းကို ကြည့်ပြော အုံးတဲ့ "
"  ဟင် သူကပါ အဲလိုပြော တယ်ပေါ့ အဲလောက်ကြိးလဲ မောင်က မဆိုးပါဘူး ခင်လေးရယ်  "
"  မိချမ်း နင်ကလေ လည်မလိုလိုနဲ့ တော်တော် တုံးတဲ့ မိန်းမပဲ အချစ်ဆိုတာ ဘဝနဲ့ ယှဉ်ရင် အစိတ်အပိုင်း သေးသေးလေး ရယ် ရူးပ အဲဒီ အချစ်က နင့်ကို ထမင်း မကျွေးဘူး နားလည်လား  "
"  ခင်လေးက လည်းဟာ မောင်နဲ့ ငါက တစ်ကယ်ကို နှစ်နှစ်ကာကာ ချစ်ကြတာပါ ခင်လေးရယ်  "
"  အဲဒါကလေ ဘဝကို တစ်ကယ် ရင်မဆိုင် ရသေးလို့ နင်သာ ရင်ဆိုင်ကြည့်စမ်း ထင်သလို လွယ်မယ်ထင်လို့လား စိတ်ကူး မယှဉ် စမ်းပါနဲ့ သူငယ်ချင်းရာ နင်အဲလိုတွေ ဖြစ်နေလို့ ဟိုတစ်ယောက် ကအဲလောက် အနိုင်ကျင့် နေတာနေမှာ  "
"  မဟုတ်ပါဘူးဟာ သူက ငါထားခဲ့မှာ ဆိုးပြိး အားငယ်ပြိး ထင်ရာတွေ လုပ်နေလို့ အဲလိုဖြစ်ကုန်တာပါ ဟာ မောင်က ငါ့ကို သိပ်ချစ်တာ  "
"  မိန်းမ ဈေးကျလိုက်တာ မိချမ်းရာ နင့်လို လူမျိုးတွေ အတွက်နေမယ် ဟိုစကားပုံကလေ  "
"   ဟင် ဘာ စကားပုံလဲ ခင်လေးရဲ့   "
"  မိန်းမတွေ များ နှာခေါင်းပါလို့ မပါရင်........... အဲဒါလေ သိတယ်မလား  "
"  ခင်လေးကလည်း အဲလောက်လည်း မဟုတ်သေးပါဘူး ဟာ   "
"  မိချမ်းကလည်း နင်ဘဝကို လွယ်လွယ်မတွေး စမ်းပါနဲ့ ပညာတွေ တက်ထားပြိး မရူးချင်ပါနဲ့ ငါလည်းလေ ခုနေ နင်မဟုတ်က ဟုတ်က လုပ်မိမှာ ဆိုးလို့ ခုနေ ပြန်လာလို့ ရရင် ငါပြန်ချင်တယ် နင့်ကို စိတ်မချဘူး မတော် ဇွတ်တရွတ် လုပ်သွားမှာ ဆိုးလို့ အန်တီလည်း ရိပ်မိနေတယ်ဆို   "
"  အင်း ဟုတ်တယ် မေမေက သဘောမကျ ဘူးလို့ ပြောပြိးသား အဲဒီကိစ္စ ထပ်မပြော ပေမယ့် ဖုန်းတွေ ဘာတွေ လာရင် မေမေ မျက်နှာမကောင်းဘူး ခင်လေး ငါလည်း စိတ်ညစ်လို့ ဖုန်းမဆက်နဲ့ လို့မှာထားရတယ်   "
"  နင်ကကော ဘာကိစ္စ အခုချိန်ထဲက အဲလောက် အလျော့ပေး နေရတာလဲ နင့်မှာ မာန မရှိဘူးလား သူသေဆို သေ၊ ရှင်ဆို ရှင် နဲ့ ကိုယ့်အရည် ချင်းမှ ကိုယ်အားနာ ပါအုံးလား မိချမ်း   "
"   ချစ်တာကိုး ခင်လေးရဲ့ သူ့မျက်နှာ ညိုမှာ ချစ်သူ တိုင်းစိုးရိမ် ကြတာပဲ   "
"  ထားပါတော့ အချစ် ဆရာမကြိးရယ် ဒီမှာ နင်သူ့ကို ဘဝ လက်တွဲ ဖော်အထိများ ရည်ရွယ် ထားပြီလား မိချမ်း  "
"  ခင်လေးကလည်း အဲဒါက အဝေးကြိးပဲ လိုပါသေးတယ် အဲလောက်ထိ မစဉ်းစားရ သေးဘူး ပြိးတော့ ငါလည်း ကျောင်းပြိးဖို့ အများကြိး လိုသေးတယ် ဒါပေမယ့် ငါ သူ့ကို အရမ်းချစ်တယ် ခင်လေး   "
"  သွားသေလိုက် မြောင်းထဲဆင်းပြိး ကိုယ်ဘာသာ သေကြောင်းကြံလိုက် တစ်ချိန်လုံး အဲဒါပဲ ရွတ်နေတယ် အဲဒါကြောင့် ဟိုတစ်ယောက်က အဲလို နိုင်ပြနေတာ နင့်ကိုလေ မသနားတဲ့ အပြင် ထုတောင် ထုချင်တယ် သိလားမိချမ်း "
" နင်ကို အားကျတယ် ခင်လေးရယ် နင့်လို စိတ်ဓါတ်မျိုး ထားပြိး ငါရပ်တည် ချင်လိုက်တာ "
" အပိုတွေ ပြောမနေနဲ့ နင်ကိုယ်တိုင်က ရူးချင်နေတာ အန်တီ ကအဲဒါကြောင့် နင့်ကို စိတ်မချ နေတာဖြစ်မယ် အန်တီသမီး မဟုတ်သလိုပဲ အန်တီနေရာမှာ နင်သာဆို ခုနေ နင်ဆိုတာလေ... လောကမှာ ရပ်တည်နိုင်ဖို့ မပြောနဲ့ ဘုန်းဘုန်းလဲ ကျမသွားရင် ကြိုက်သလို ပြော စိတ်တိုဖို့ ကောင်းလိုက်တာ မိချမ်းရာ နင်တော့ ဒီပုံစံနဲ့ အမှားတွေ မကျူးလွန် မိဘူးလို့ မပြောနိုင်ဘူး ဘာပဲလုပ်လုပ် သေသေချာချာ စဉ်းစားပါ မိချမ်းရာ အချစ်ဆို တဲ့ အရာပေါ်မှာ အရမ်းကြိး မရူးချင် စမ်းပါနဲ့ နင့်ကို စိတ်မချလို့ ငါခုချက် တောင် ပြန်လာချင်တယ် သိလား မဖြစ်နိုင်လို့ "
" အေးပါဟာ ငါရဲ့ အချစ်ရေးက သူများတွေလို ဘာလို့များ မဖြောင့်ဖြူး တာလဲမသိဘူး ခင်လေးရယ် ငါလည်း စိတ်ညစ်တယ် သိလား ဘာလုပ်ရမှန်းလဲ မသိဘူး "
" အေးပါ နင်လည်း စိတ်ညစ်နေ မှာပေါ့ ကျောင်းစာက များ၊ စိတ်ကညစ်နဲ့ မိချမ်းရယ် ဘာပဲ ဖြစ်ဖြစ် စိတ်လိုက် မန်ပါ ဘာမှမလုပ်ပါနဲ့ နော် ပြောသာ ပြောရတာ နင်ကို စိတ်မချဘူး ဟာ...  "
ခင်လေးနဲ့ စကားတွေ အများကြိး ပြောလိုက် ရလို့ ရင်ထဲပေါ့ သွားမလား မှတ်တယ် ပိုတောင် ရင်မော ရသလိုပါပဲ။ ခင်လေးရယ်၊ ချမ်းရယ်၊ စည်သူရယ် ဟိုးတစ်ချိန် တုန်းက အရမ်းပျော်စရာ ကောင်းခဲ့တာ။(၁၀)တန်းအောင်တော့ ချမ်းက ဆေးတက္ကသိုလ်၊ စည်သူက GTC(MP) ကျောင်းတက်ပြိး ခင်လေးက စင်္ကာပူမှာ ကျောင်းလျှောက်ပြိး သုံးယောက် စလုံး ကွဲကုန် ကြတာ။ စည်သူနဲ့ ခင်လေးက ချစ်သူတွေ ဖြစ်ကြသလို မိဘချင်းလည်း နားလည်မှု ရထားကြတဲ့ သူတွေလေ။ ချမ်းတစ်ယောက် သာချွန်ပြိး အခုလို ကြုံရ နေတာမို့ သူတို့တွေလည်း စိတ်ပူနေ ကြတာ ထင်ပါရဲ့။ မောရပါတယ် သြော် ဘဝရယ်။ ချမ်းလည်း ကွာခြားလွန်း တဲ့ ဘဝထဲက ချစ်သူအတွက် ဘယ်လိုများ ရင်ဆိုင်ရပါ့ မလဲနော်။
...................................................................................။............................................................................................
" ချမ်း ကိုဘယ်လို လုပ်လိုက်တာလဲ မောင် ချမ်းသူငယ်ချင်း တွေအလည်မှာ ချမ်းကို အရှက်ရအောင် တမင်များ လုပ်နေတာလား ချမ်း မောင့်ကို ဘယ်လို အလေးထားတယ် လိုက်လျှောတယ် ဆိုတာ သူများတွေ ထပ် မောင်အသိဆုံးပဲ ချမ်းကို နည်းနည်းတော့ နားလည်ပေးပါ မောင်  "
" ချမ်းက မောင်မဟုတ်တဲ့ တခြားသူတွေနဲ့ ရယ်မောနေတာ မောင်ဘယ်လို နေမလဲ ချမ်းမစဉ်းစား မိဘူးလား  "
" ချမ်းပြောသားပဲ မောင် အတွေးတွေ လွန်နေတာ အဲဒီ အတွေးတွေ ကြောင့်ပဲ ချမ်းနဲ့ မောင် ခဏ၊ခဏ ပြသနာ ဖြစ်နေ ကြရတာ ချမ်းသူငယ်ချင်း တွေနဲ့ မောင်ဝင်ဆံ့ဖို့ အမြဲ ဝန်လေး နေတက် သ၍ ချမ်းက မောင်နဲ့ဝေးနေ သလို မောင်အမြဲ ခံစား နေရမှာပေါ့ မောင် ချမ်းသွားမယ် မောင် သူငယ်ချင်းတွေ ချမ်းကို စောင့်နေ ကြတာ အားနာ စရာကြိးမောင်  "
"  မောင့်ကို ဒီအတိုင်း ထားခဲ့ဖို့ ကြတော့ အားမနာဘူး ပေါ့ဟုတ်လား ချမ်း  "
" မောင် ချမ်းကို ဂျစ်မတိုက် ပါနဲ့မောင်ရာ မောင့်ကိုလဲ အတူတူ လာဖို့ ဖိတ်သားပဲ မောင်မှမလာ ချင်တာ ချမ်းဘယ်လို လုပ်ပေးရ မလဲမောင် လာမောင်ရာ ချမ်းနဲ့ အတူတူ သွားမယ်လာ လိမ္မာတယ် မောင်ရာ နော် အတူတူ သွားမယ်မောင်  "
" ချမ်း အခုသွားရင် မောင့်မျက်နှာ ဘယ်တော့မှ မမြင်စေ ရဘူးမှတ် "
" မောင်ရာ ဘာမဟုတ်တာ လေးနဲ့ ချမ်းကို အနိုင်မယူ စမ်းပါနဲ့ စိတ်မဆိုးနဲ့ မောင်ရာ ချမ်းတို့ အတူတူ သွားကြ မယ်နော်"
"  ချမ်း မောင်စနေ တာနောက်နေတာ မဟုတ်ဘူးနော် မောင်အတည် ပြောနေတာ ချမ်းအခုသွားရင် မောင်ကို ချမ်းတွေ့ရ ဖို့ မမျှော်လင့်နဲ့  "
"  စိတ်ဆိုးလည်း နောက်မှချော့ တော့မယ်မောင် သူများတွေ စောင့်နေတာ အားနာစရာကြိး ချမ်းသွားပြီ မောင့်ကို ချမ်းအရမ်း ချစ်တယ်ဆို တာ မောင်မမေ့နဲ့  "
စိတ်ဆိုး နေတဲ့ မောင့်ကိုထားခဲ့ ပြီစောင့်နေတဲ့ သူငယ်ချင်းတွေ ဆီ ချမ်းထွက်ခဲ့တယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ မွေးနေ့ မို့စုပြိး အတူသွားကြ မှာမို့ ဖိတ်တဲ့ သူငယ်ချင်းကလည်း မောင့်ကိုပါ ဖိတ်ခဲ့ပေမယ့် မောင်က ချမ်းရဲ့ ပတ်ဝန်းကျင် ကလူတွေနဲ့ ရင်ဆိုင်ရမှာ ဘယ်အတွက် ကြောင့်များ အကြောက် အကန် ငြင်းဆန် နေရတာလဲ မသိပါဘူး။ ပထမတော့ မောင်မကြိုက် တာမသွားဖို့ ချမ်းစဉ်းစား ပါသေးတယ်။ ကျောင်းအထိ သူငယ်ချင်းတွေက ကားနဲ့လာစောင့် ခေါ်တာမို့ အားနာတာ တစ်ကြောင်း၊ မောင်က အသဲသန် တားမြစ်နေ တဲ့ကြားကပဲ လိုက်သွား ဖြစ်ခဲ့တယ်။ ကားပေါ် ရောက်မှ မောင်ရှိရာ လှမ်းကြည့်တော့ စောစောက နေရာမှာ မောင်မရှိ တော့ပဲ ထွက်သွားပြီ ဆိုတဲ့ အသိ၊ မောင်စိတ် ဆိုးသွား ပြီဆိုတဲ့ အသိကြောင့် ရင်ဘတ်ထဲက တစ်စစ်စစ် နာကျင်လျှက်။
..........................................................................................။............................................................................................
ဘာလိုလိုနဲ့ မောင် ချမ်းကို အဆက်သွယ် မလုပ်တာ တစ်ပတ်ကျော် သွားခဲ့ပြီ။ အရင်ကလည်း စိတ်ဆိုးတက် ပေမယ့် မောင်က ဖုန်းလေးတော့ ဖြစ်ဖြစ် ဆက်တက်ပါတယ်။ ခုတော့ ဘယ်လို အဆက်သွယ် မှမလုပ်တာ ကြည့်ခြင်း အားဖြင့် မောင် တစ်ကယ်ပဲ ချမ်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်နိုင်ခဲ့ လေပြီလားလို့ တွေးရင်း ကြေကွဲရတယ်။ ကျောင်းမှာကလည်း စာမေးပွဲ ရှိနေတဲ့အတွက် မောင့်ကျောင်းဘက် ကို မရောက်နိုင် ခဲ့ဘူး။ အဲလိုလိုနဲ့ အချိန်(၃)ပတ် ကြာသွား တယ်။ မောင်ဆီက အဆက်သွယ် လုပ်လာနိုးနိုး နဲ့မျှော်ရတာ လည်ပင်း ညောင်ရေအိုး သာဖြစ်လာတယ် နေနိုင်တဲ့ မောင်ကတော့ ချမ်းဆီကို ဖုန်းတောင် ဆက်ဖော် မရဘူးလေ။ စာမေးပွဲ ကြောင့်သာ မောင်ဆီကို မလိုက်ခဲ့ နိုင်ပေမယ့် ချမ်းရဲ့ အတွေးတွေမှာ နေရာအပြည့် မောင်က ယူငင်လို့လေ။ မောင်လဲ သိမှာပါ ချမ်းမှာ စာမေးပွဲ ရှိနေလို့ ဆိုတာ စားမေးပွဲ ပြိးရင်တော့ မောင်ရောက်လာရင် လာ မလာရင် မောင့်ကို သွားတွေ့ဖို့ စိတ်ထဲက ပြင်ဆင်ပြီးသာ။ စိတ်ကူးတွေ မှာ တစ်နေရာရာ ကများ ဘွားခနဲ မောင်ပေါ် လာမလားလို့ မျှော်လင့်ရတာအမော။
စိတ်ကူးတွေသာ အိမ်မက်ဖြစ်ကုန်တယ် မောင်ကတော့ ချမ်းရှေ့ကို ရောက်မလာခဲ့ဘူး။ ချမ်းရဲ့ ပါက်သက်ရင် မောင်က အနိုင်ယူ နိုင်သလောက် ချမ်းကတော့ ရှုံးနိမ့်ဖို့ အဆင်သင့် ဖြစ်နေတက်တာ မောင်သိနေလို့ အနိုင်ယူ နေတာနေမယ်လို့ တွေးရင်း ချမ်း တစ်ယောက် မောင့်နဲ့ တွေ့ရဖို့ အားတင်းရင်း နေ့ရက်တွေကို ကျော်ဖြတ်လို့ပေါ့။
စာမေးပွဲ နောက်ဆုံးနေ့က ရင်တွေခုန် စွာနဲ့ မေးခွန်းအဖြေလွာ ထက် အခန်းပြင် တစ်နေရာရာမှာ မောင်များ စောင့်နေမလားဆိုတဲ့ အတွေးနဲ့ ရင်ခုန်ခဲ့ ရသမျှ အချိန်တွေသာ ကုန်ဆုံးသွားတယ် မောင်မရောက် လာခဲ့ဘူးလေ။ မောင်တစ်ကယ် စိတ်ဆိုးပြီး မုန်းသွားပြီလား လို့တွေးရင်း မဖြစ်နိုင် ပါဘူးလေလို့ အားတင်ထားပြိး နောက်တစ်နေ့ မောင်ရဲ့ ကျောင်းကို လိုက်သွားတော့ မျက်မှန်းတန်း မှတ်မိနေတဲ့ မောင့် သူငယ်ချင်း တစ်ယောက်က မောင် ကျောင်းမလာ ဘူးဆိုတော့ တွေ့ချင် ဇောဖြင့် လာရသူရင်ကို မောစေ ပါတယ်မောင်။
ရာက်ပြိးမှ မထူးဘူး ဆိုပြိး မောင့်ရဲ့ အိမ်ကို လိုက်သွား ဖို့စိတ်ကူး ရတာနဲ့ တစ်ခါမှ မရောက် ဖူးသေးတဲ့ မောင့်အိမ်ကို ရောက်အောင် သွားဖို့ ဘယ်ကဘယ်လို သတ္တိတွေ ဝင်လာတယ်မသိ။ အတွေးတွေ ထဲမှာလဲ ရုတ်တရက် မောင်တစ်ယောက် ချမ်းကို မြင်ရင် ဘယ်လောက် အံ့သြ သွားမလဲ ဆိုတဲ့ အတွေးတွေနဲ့ ရင်ထဲမှာ ကြည်နူး လို့ပါပဲ။ ရန်ကုန်မြို့ အစွန်မြို့ နယ်လေး တစ်ခုနေတဲ့ မောင်နေထိုင် ရာဒေသက ချမ်းအတွက် စိမ်းလွန်းနေ ပေမယ့် အချစ်ကြာင့် ထင်ပါရဲ့ ရင်းနှိး နေသယောင်ယောင် စိတ်ထဲ ထင်ယောင် ထင်မှားနဲ့။ တော်ရုံ တန်ရုံ ဆို ချမ်းက လိုင်းကား စီးဖြစ် ပေမယ့် မောင် နေထိုင်ရာက ချမ်းအတွက် အရမ်း စိမ်းတဲ့ ဒေသမို့ Taxi ငှားပြီး အရောက်သွား ဖို့ စဉ်းစားလိုက်ပြိး မရောက်ဖူး ပေမယ့် အလွတ်ရနေတဲ့ လိပ်စာလေး တစ်ခုကို Taxi သမားကို ပြောပြ လိုက်တော့ ကားလေးက ချမ်းတစ်ခါ မှရောက် ဖူးတဲ့ ဒေသလေး တွေကို တရိပ်ရိပ် ဖြတ်ကျော်လျှက်။ ချမ်းရဲ့ အတွေးတွေ ထဲမှာလည်း မောင့်ဆီသို့ ကြိုတင် ရောက်နေပြီ ဖြစ်တဲ့ စိတ်အစဉ် ဖြင့် လွင့်မျောနေရင်း ဖြင့်။
"  သမီးလေ သမီးလေး ပြောတဲ့ လိပ်စာ အရဆို ဒီလမ်းထဲ ဝင်ရမှာ သမီးရဲ့ လမ်းထဲ ကားဝင်လို့ မရလို့ သမီးကို ဒီမှာပဲ ချပေး တော့မယ်နော် ဖြစ်တယ်မလား သမီးလေ "
ကားသမား ဦးလေး ညွှန်ပြတဲ့ လမ်းလေးဆီသို့ မျှော်ကြည့်ရင်း နှုတ်မှလည်း
"  ရတယ် ဦးလေး ကျေးဇူးပါရှင် ချမ်းမေးပြိး လမ်းလျှောက် သွားလိုက်ပါ့မယ် ကျေးဇူးပါနော်  "
"  အေးအေး သမီးလေး  "
ကားပေါ်မှ ဆင်းလျှင် ဆင်းချင်း ပတ်ဝန်းကျင်မှ စူးစမ်း ကြတဲ့ မျက်လုံးများစွာ ကချမ်းဆီ သို့ ကြရောက်လျှက်။ ဒေသ စိမ်းတစ်ခုမို့ လူစိမ်း တစ်ယောက်ကို ဝိုင်းကြည့်ကြ တာမှန်း သိပေမယ့် ချမ်းရင်ထဲမှာ ကတုန်ကရင်နဲ့ ဘာရယ်မှန်း မသေချာ။ ကွန်ကရစ် နှစ်လမ်းသွား လေးခင်းထားတဲ့ လမ်းကျဉ်းလေး ကကားဝင်ရန် မဖြစ်သလို စက်ဘီးနဲ့ ဆိုက်ကား လောက်သာ ဝင်လို့ရရန် တမင် ကွန်ကရစ် လမ်းကျဉ်းလေး လုပ်ထား တာထင်ပါရဲ့။ နွေရာသီမို့ နေရောင်မြင် တာနဲ့ အပူဒဏ်က စူးခနဲ ဝင်ရောက်သည်။ ဗန်ဒါပင် အပင်ကြိးအောက်မှာ အရွယ်စုံ ကလေးငယ် လေးတွေက ပုံလေးတွေ ကိုမြေပြင်မှာ ထောင်ပြိး နေပူကျဲကျဲ မှာပူရကောင်း မှန်းမသိစွာ အငြင်းခုန်လုပ် ပြိးဆော့ စကားနေတဲ့ မြင်ကွင်း။ တစ်ကယ်ပဲ ချမ်းအတွက် တော့အထူးဆန်း ပါပဲ။ ရုတ်ခနဲဆို သလို ကလေးတစ်သိုက် ဆီအသံတစ်ခု ရန်ဖြစ်နေတယ်ဟေ့ သွားကြည့် ကြမယ် ဆိုတဲ့ အသံနဲ့ အတူ ကလေးတစ်သိုက် ပြေးရာသို့ ချမ်းလိုက်ပါ မိရင်း။ ချမ်းရှာ ဖွေနေ နေတာက မောင့်ရဲ့အိမ်ကို မေးရန် တစ်စုံတစ်ယောက် ကိုပါ။ ဆော့ကစား နေတဲ့ ကလေး တစ်သိုက်က ချမ်းကို ဂရုမစိုက်အား။ သူတို့ရဲ့ အာရုံက ရန်ဖြစ်နေတယ် ဆိုသော နေရာထံသို့သာ။ စပ်စုတက်တဲ့ လူ့သဘာဝ အတိုင်း ချမ်းလည်း ကလေးတွေ နောက်မှာ လိုက်ပါမိရင်း ချမ်းမြင်တွေ့ လိုက်ရတာက လမ်းမ ထပ်မှာ ပြန့်ကျဲနေသော ငွေစက္ကူ အနည်းငယ်နဲ့ ဆန်အိပ်မှ ပေါက်ကျနေသော ဆန်စေ့များက လမ်းမ ထပ်မှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲလျှက်။ အဒေါ်ကြီး လို့ခေါ်ရမလား အသက်အရွယ် ခန့်မှန်းရ ခက်လောက်တဲ့ မိန်းမ တစ်ယောက်ကို သူ့ယောက်ျား ဖြစ်သန်တူတဲ့ လူကြိးက မညှာမတာ ရိုက်နှက်နေတဲ့ မြင်ကွင်း။ အံ့သြ လွန်း၍ ချမ်းပါးစပ် ဟလျှက်သား။
မမြင်ဖူးသော ဒီလိုမြင်ကွင်း မျိုးအတွက် ချမ်း အသက်ရှူ ရပ်မတက် ငေးမော ကြည့်နေချိန် စိတ်ထဲမှလည်း အသေအလဲ ယောက်ျားအားနဲ့ စိတ်ရှိ၊လက်ရှိ အရိုက်ခံ နေရသော အမျိုးသမီး အတွက် ကယ်တင်ရှင် တစ်စုံတစ်ယောက် ပေါ်လာဖို့ တီးတိုးရေ ရွတ်နေမိပေမယ့် အဲဒီ တခဏ ထိုအမျိုး သမီး ကံဆိုးစွာပဲ အချိန် အတော်ကြာ ရီုက်နှက် ခံနေရခြင်းမှ ရုန်းမထွက် နိုင်ရှာဘူး။ ဟိုတစ်စ ဒီတစ်စ လူများကလည်း ဆွဲရနိုးနိုး၊ ကြည့်ရနိုးနိုးနဲ့ ဘာလုပ်နေကြမှန်း ချမ်းမသိ။ လူကြိး တစ်ယောက် ဖြစ်ဟန်တူ တဲ့ဦးလေးကြီး တစ်ယောက်က ဝင်ဆွဲတော့မှ နောက်က လူတွေပါ ရန်ဖြစ်နေတဲ့ လင်မယားကို ဝိုင်းဆွဲကြတယ်။
အဲဒီ အချိန်မှာ မျက်နှာ တစ်ခုလုံး ညိုမဲစွဲနေ တဲ့အမျိုးသမီးရဲ့ မျက်နှာအပြင် နှုတ်ခမ်းတွေမှာ သွေးတွေ စီးကျနေပြီး ကျောက်လမ်းမ ပေါ်မှာစောင့် မိပုံ ရတဲ့ ဦးခေါင်း နောက်ကျော မှလည်း သွေးတွေ မြင်မကောင်း အောင်စည်းကျလို့။ ဒီအချိန်များ ဝင်ဆွဲသူသာ ရောက်မလာခဲ့ရင် အမျိုးသမိးရဲ့ အသက်ရှင်ရေး ကမတွေးဝံ့စရာ။ ချမ်းတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်ရီနေပြီး မတ်တက်ရပ်မှ ခွေမကျ သွားအောင် အားတင်ပြိး ဒူးများလည်း တစ်စက်စက် တုန်ရီလို့။ ချမ်းတစ်သက် မမြင်ဖူးသော အတွေ့အကြုံ တစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့ရတဲ့ အပေါ် တုန်ရီနေတဲ့ ရင်အစုံကို ဖိထားရင်း နားထဲ ဝင်လာတဲ့ စကားသံတစ်ချို့က....
"  ဘယ်နှယ့်အေ ရှာလည်း ကျွေးရသေး အရိုက်လည်း ခံရသေး ဒီလိုကောင်မျိုးများ အောင့်အီး ပေါင်းနေသေးတယ် ခင်ထွေး တစ်ယောက် ကတော့ သေမှပဲ ဝဠ်ကျွတ်မှာပါ  "
"  အလကားနေ အချိန်ပြည့် မူးနေပြိး ရှာကျွေးနေတဲ့ မယားတောင် ဒီလောက် ညှင်းပန်းတဲ့ ဒီလို အရက်သမားမျိုး ကျတော့ သေမင်းက မြန်မြန်မခေါ်ဘူးတော့ ကလေးတွေ မျက်နှာကြောင့် သည်းခံနေတာ နေမှာ " 
"  ခင်ထွေး သေ၇င်လည်းသေ မသေလည်း အရက်သမား မြကျော် သေမှအေးမှာ...မဟုတ်ရင် မကြာခဏ ဒီအသံတွေ ကြားနေ မြင်နေရမှာ  "
"  ကိုယ်ကြိုက်တာ ကိုယ်ယူပြိး ဒုက္ခရောက်မှ အမေရေလို့ တ မနေကြနဲ့ ကိုယ့်ဘဝ ကိုယ်ရွေး ကိုယ်ဖြစ် ကိုယ်ခံပဲ အချိန်နှောင်းမှ အမေလို့ တနေလဲ ဘယ်သူမှ မလဲနိုင်ဘူး  "
" ရက်စက် လိုက်တာ ကိုယ်ကြိုက်လို့ ကိုယ်ယူ ထားတဲ့ မိန်မများ အဲလောက် ရိုက်ရက်တာ အံ့ရော်တော် ခင်ထွေးလဲ သေမှာပါပဲ ဒီဒဏ်တွေနဲ့  "
"  မူးလာရင် တစ်မျိုး၊ မမူးရင် တစ်မျိုးနဲ့ အချိန်ပြည့် အရက်ဆိုင်မှာပဲ အချိန်ကုန် နေတဲ့ ဆန်ကုန်မြေလေး တွေ လူ့လောကလဲ ကောင်းကျိုးမပေး မိသားစုလည်း ဘယ်လို ဒုက္ခပေး ရမလဲ အမြဲ ကြံစည် နေတဲ့ လူတွေ  "
တီးတိုး တစ်မျိုး ကျယ်ကျယ် တစ်မျိုး ပြောနေသံ တွေနဲ့ ဝေးရာသို့ ချမ်းထွက်ခဲ့ရင်း ချမ်းရင်ထဲမှာ ကြောက်စိတ်တို့ ဖြင့်ထုံမွမ်းလျှက်။ အိမ်ပြန်ရောက် ချင်စိတ် တစ်ခုထည်းသာ ကြိးစိုးနေပြီး တွေ့ရာ အငှားကား ပေါ်တက်ရင်း ချမ်းတစ်ယောက် အိမ်သို့ အရောက် ပြန်ခဲ့မိတယ်။ သေချာတာ တစ်ခုက မောင့်ဆီ နောက်တစ်ခေါက် လိုက်မသွားတော့ဖို့ ဆုံးဖြတ်မိခြင်း ပါပဲ။ ဘာအတွက် ကြောင့်လဲ သေသေ ချာချာ ရေရေ လည်လည် မရှင်းပြ နိုင်ပေမယ့် သေချာခဲ့တဲ့ အတွေးတစ်ခုက တော့ မေမေ သဘောမတူတဲ့ အိမ်ထောင် ဖက်နဲ့ ဘယ်တော့မှ လက်တွဲဖို့ မကြိုးစား တော့ဘူး ဆိုတာပါပဲ။
ကျွန်မ တစ်ယောက်ထဲ ဘဝတစ်ခု ကိုရင်ဆိုင်ဖို့ သတ္တိမရှိ တာသေချာ သွားတာ အမှန်ပဲ။ ချမ်းရဲ့ဘဝ မှာ မျက်ဝါးဝါး ထင်ထင် မြင်တွေ့ ခဲ့ရတဲ့ အမျိုးသမီး ရဲ့ပုံစံ မျက်လုံးထဲက မထွက်ပဲ စွဲမက် ထင်ကျန် နေခဲ့တာ ယနေ့အထိပါပဲ။ ချမ်းမောင်နေတဲ့ ရပ်ကွက်ထဲ အထိ ရောက်ခဲ့တယ် ဆိုတာ မောင်သိမသိ ချမ်းမသိဘူး။ သေချာတာက အဲဒီအချိန် မတိုင်ခင် ကတည်းက မောင် ချမ်းကို လာမတွေ့ ခဲ့တာလည်း ယနေ့ အချိန်ထိပါပဲ။ အဲဒီအဖြစ် ပျက်လေးက ချမ်း အသက်(၂၂)နှစ် အရွယ်၊ ဆေးကျောင်းသူ ဘဝထဲက ဖြစ်ရပ်လေး တစ်ခုပါ။ ချမ်းရဲ့ ဘဝမှာ အနိုင်ယူ တက်တဲ့ ချစ်သူ တစ်ယောက် ရှိခဲ့ဘူး တယ်ဆိုတဲ့ အတိတ်လေးက သက်သေ အဖြစ်နဲ့ပေါ့။ တစ်ကယ်ပဲ အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ ဖြစ်ခဲ့မယ် ဆိုရင် အချစ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘဝပေါင်းများစွာ ပျက်စီး စေခဲ့မယ်ဆိုရင် ချမ်းရဲ့ အတွေးတစ်ခု ကတော့ ဘဝနဲ့ လဲရလောက်အောင် ရူးမိုက်မှု တစ်ခု သာသာပါပဲလို့။ တစ်ကြိမ် တစ်ခါ ရူးခဲ့ဘူးတဲ့ ချမ်းကတော့ လက်တွေ့ ဘဝထဲက မြင်ကွင်း တစ်ခုထဲမှာ အသိတစ်ခုနဲ့ ပြန်လည် ရပ်တည်နေမိရင်း ....။
.........................................................................................။.........................................................................................

စာဖတ်သူများကို အစဉ်ထာဝရ လေးစားခင်မင်လျှက်....
Written By Angelhlaing

6 comments:

တစ်ကယ်ပဲ အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ ဖြစ်ခဲ့မယ် ဆိုရင် အချစ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘဝပေါင်းများစွာ ပျက်စီး စေခဲ့မယ်ဆိုရင် ချမ်းရဲ့ အတွေးတစ်ခု ကတော့ ဘဝနဲ့ လဲရလောက်အောင် ရူးမိုက်မှု တစ်ခု သာသာပါပဲလို့။ တစ်ကြိမ် တစ်ခါ ရူးခဲ့ဘူးတဲ့ ချမ်းကတော့ လက်တွေ့ ဘဝထဲက မြင်ကွင်း တစ်ခုထဲမှာ အသိတစ်ခုနဲ့ ပြန်လည် ရပ်တည်နေမိရင်း ....။
*************************************
ဖတ်လို့ တကယ် ကောင်းတယ်။ ဦးနှောက်နဲ့ နှလုံးသားစစ်ပွဲမှာ ခက်ခက်ခဲခဲ နဲ့ပဲ ဦးနှေက်က နိုင်သွားတယ်......ပေါ့။ အမြဲအားပေးနေပါ့မယ်။

အချစ်နဲ့ ဘဝ သရုပ်ဖော်တွေ တယ်ပိုင်တာပဲကိုး။

အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းထဲက တစ်ခု ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သေးသေးလေးတော့ မဟုတ်ဘူး။ တည်ငြိမ်နေတဲ့ လူတစ်ယောက်ကို ဝရုန်းသုန်းကား ဖြစ်သွားစေနိုင်တယ်။

ရသတွေထဲက ရသကောင်းတစ်ပုဒ်လို့ မြင်မိတယ်။

ညီမ ရေ အကိုစာလာဖတ်သွားပါတယ်။
ရသစာလေးတွေ ပေါ်လွင်အောင်ရေးတတ်လို့ သဘောကျစွာဖတ်ရှု့ သွားပါတယ်။ နောက်လဲ အမြဲရေးနော်။ အားပေးနေမယ်။

တစ်ယောက်နဲ့တစ်ယောက် ရပ်တည်မှုမတူတဲ့အခါ ဒီလိုဖြစ်တတ်ပါတယ်။ စိတ်ကူးမယဉ်ဘဲ စိတ်ထဲရှိတဲ့အတိုင်းရပ်တည်ပစ်လိုက်တာကိုတော့ စာရေးသူကိုချီးကျူးရမှာပဲ။ လက်တွေ့မှာတော့ ဘယ်ဟာကို ပိုဦးစားပေးနေလဲဆိုတာ ပြောရခက်မယ်ထင်တယ်။

ဟုတ်တယ်.. တစ်ခါတစ်လေအချစ်ကို လက်တွေ့ဘ၀တွေကြောင့် ကျောခိုင်းလိုက်ရတာတွေရှိတယ်။
အမူအရာ ခံစားမှု အဲဒီအရာတွေက အစ အသေးစိတ်ရေးထားတော့
ပိုပြီး စာဖတ်လို့ကောင်းတယ်။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More