http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, May 9, 2011

ထိရှလွယ်တဲ့ မသိခြင်း ငှက်ငယ်သို့......

လမသာ၊ ကြယ်မရှိတဲ့ ညက အကျည်းတန်ခြင်း ကင်းလို့
သူ့စက်ဝိုင်း မှန်မှန်လှည့်ရင်း နံရံတစ်ဖက်ခြားဆီက
ရှိုက်သံတွေကို မထီမဲ့မြင်ပြုရင်း လေထန်ထန်တွေနဲ့
လောကကို ကျီစယ်နေလိုက်တာ....
စာနာမှုကင်း အပြစ်တင်ခြင်းကို ဥပေက္ခာပြုနေရင်းပေါ့...

























မှောင်ရိပ်ထဲရောက် လမ်းပျောက်နေတဲ့
ငှက်ငယ်အဖို့ နွေးထွေးတဲ့ ခိုလုံရာ ရင်ခွင်တစ်ခု
ရှားပါးလှချည်လား..ဆိုတဲ့ အတွေးတစ်ခုပဲရသေးတယ်...
အဲဒီညက စနေမိုးတဲ့လေ...တစ်ညလုံးဆွေလို့
သည်းလို့ကောင်းနေလိုက်တာ
ညှာတာမှု ရှိရကောင်းမှန်း သူနားမလည်ရှာဘူး...
လူမသိ သူမသိ ဘဝတစ်ခု ရေစုန်မျှော လိုက်ဖို့
အားမလျှော့လိုက်ပါနဲ့ ငှက်ငယ်..
မနက်ဖြန်တော့ ရောင်နီလာနိုင်ကောင်းပါရဲ့လေ.....


ထိနာချက်ပြင်းလို့ ငါ့လမင်း ဘယ်ဆီမှာများ ပုန်းနေပါလိမ့်ရောလို့..
ဆီမိးခွက်နဲ့ " လ " ပျောက်ရှာတဲ့ အဲဒီည ...
ငါကိုယ်တိုင် ခွန်အားတွေ ချည့်နဲ့နေလဲ
ဇွဲလုံ့လနဲ့ မျှော်လင့်ခြင်းတွေ ပေါင်းစည်းလို့
ယဲ့ယဲ့လေးပဲ ဖြစ်နေပါစေ ....
လဲကျလည်း ပြန်ထမယ့် " ည " လိုလူသားအတွေးမျိုးနဲ့ပေါ့..


တစ်ဝုန်းဝုန်းနဲ့ ထန်နေတဲ့လှိုင်းတွေတောင်..
မြုပ်တစ်ချီ ပေါ်တစ်လှည့်နဲ့ ကမ်းကပ်နိုင်သေးရင်..
အတ္တတွေခြံရံ အသိစိတ်တွေ မွမ်းမံထားတဲ့
ဒီလူသားအတွက် အရာရာဟာ ခွန်အားပဲ ဖြစ်ပါစေသားလို့
ကောင်းကင်နဲ့ မြေပြင်၊ ပင်လယ်ပြင် ဗဟိုထား
ခပ်ကြွားကြွားမော့လို့ ကျဆင်းတဲ့ မျက်ရည်မြစ်
ကန္တာရ ပမာ ...ခြောက်သွေ့စေရမယ်....


လောကဓံတရား တွေကို ဘာသာပြန်ဖို့
သဘာဝ က မစဉ်းစားသလို
ကောင်းကင် ကလည်း အသိမှတ်မပြုပါဘူး...
မြေပြင် ကလည်း ဂရုမစိုက်ဘူး
ပင်လယ် ကလည်း အရာမသွင်းဘူး
သက်မဲ့တွေက မထိမဲ့မြင် ပြုနိုင်သလောက်.
လနှစ်ချောင်းငင် လူ တွေကတော့
ရီလိုက်၊ ပြုံးလိုက်၊ ဟားတိုက်လိုက်နဲ့
တစ်ခါတစ်ခါလည်း ငိုလည်းငိုရဲ့
တစ်ခါတစ်လေလည်း မဲ့ပြုံးတွေနဲ့
သေချာတာတော့ စာရေးနေတဲ့
ငါကိုယ်တိုင်လည်း
မျက်ရည်တွေနဲ့လေ......။

9.5.2011 THU (7.36 PM )
Written By Angelhlaing ( www.angelhlaing.blogspot.com )



11 comments:

ပထမဆုံးလာရောက်ပြီး အရင်ဆုံးအားပေးသွားပါတယ်
မသိခြင်းငှက်ငယ်ရေ။။။။။။။

ခံစားတတ်တဲ့ နှလုံးသား နူးညံ့လွန်းတော့... လောကဓံအောက်မှာ အလူးအလိမ့်ပဲ...

ကောင်းလိုက်တဲ့ စာလေးဗျာ... ခံစားမှု့လေးတွေက အဓိပ္ပယ်ရှိလှတယ်။ အားပေးသွားပါတယ် အိန်ဂျယ်ရေ...
ပျော်ရွှင်ပါစေ...

ခံစားချက်နဲ့ ရေးဖွဲ့ထားတာထင်ပါ့ အရမ်းကောင်းတာပဲ ညီမရေ..
ညီမ ပျောက်နေတယ်နော်.. ဘာတွေရှုပ်နေလဲ..

စာသားလေးတွေကကောင်းလိုက်တာ
ဖတ်ပြီးတဲ့ထိရင်ထဲစွဲသွားတယ်...

ဝါး . . . ခံစားချက်တွေက အပြည့်အလျှံပါပဲလား။
မသိခြင်း ငှက်ငယ်လေးရေ . . သိလိုက်ပါတော့ကွာ။

အိန်ဂျယ်လှိုင်ရေ မောနင်းနော်။ ဟား...ရှား...ပါး သိပ်ကောင်းတဲ့ ကဗျာလေးပဲ အိန်ဂျယ်လှိုင်ရေ။ လောကဓံထဲမှာ ငိုတစ်ခါ၊ ပြုံးတစ်လှည့်ပါပဲ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ရီတတ် ပြုံးတတ် ငိုတတ် မဲ့တတ်တဲ့လူတွေ .. အဲဒီ အရယ် အပြုံး အငို အမဲ့တွေ ဘာပဲ လာလာ အစစ်ပဲ လိုချင်မိတယ် ..း)

(ရေးထားတာနဲ့ ဆိုင်တော့မဆိုင်ဘူး .. စိတ်ကူးရတာ ရေးသွားတာ ..း))

မျက်ရည်တွေနဲ့ ရေးသွားတာထင်တယ်နော်....
ထိထိမိမိရှိပါတယ်။
အရမ်းကောင်းတယ်။

အင်း....
တစ်ခုခုကို ကြွေနေပုံပဲ။
ကြွေတယ်ဆိုတာ တွေနေ ဝေနေတာ လို့ ထင်တယ်လေ..။

ကောင်းတယ်ညီမရေ--ဆက်လုပ်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More